ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပင်မသပိတ်နဲ့ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ဧပြီလ ၉ ရက်မနက်က ဆန္ဒပြခဲ့ကြရာ မနက် ၁၁ နာရီကျော်လောက်မှာ ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွင်းခံခဲ့ရပြီး မြေမြင့်ရပ်ကွက်မှာ ကျောင်းသူ ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်း ဦးဆောင်သူထံ ကနေ သိရပါတယ်။
ဖမ်ဆီးခံရသူ နှစ်ယောက်ကတော့ ဥပဒေနောက်ဆုံးနှစ်ကျောင်းသူ မဒွဲနန်နဲ့ ဆယ်တန်းကျောင်းသူ မလိုင်လိုင်အောင်တို့ဖြစ်ကြပြီး လက်ရှိ ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်ဆိုတာ မသိသေးဘူးလို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ဒီနေ့အထိ နည်းလမ်းမျိုးစုံနဲ့ဆက်လက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။