မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်ရေတပ်စခန်းငယ်က ရေတပ်သား အရာရှိ တစ်ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေးသွားတယ်လို ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။
ဘာအကြောင်းကြောင့်ထွက်ပြေးတယ်ဆိုတာ မသိရသေးပေမယ့် ယူနီဖောင်းနဲ့ အတူ ထွက်ပြေးသွားတာလို့ စခန်းအနီးဝန်းကျင်ကဒေသခံတစ်ယောက်က အတည်ပြုပါတယ်။
"စခန်းက စခန်းငယ်လေးပါ။ စစ်သင်္ဘာ တစီးလောက်ပဲ အရင်ကတည်းက ကမ်းကပ် သွားလာနေတာ။ လက်နက်တွေ ဘာတွေတော့ မယူသွားဘူးကြားတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မပြောပြတတ်သေးဘူး။ လုံခြုံရေး တင်းကျပ်နေလို့" လို့ ဒေသံကပြောပါတယ်။
ဒီနေ့ မနက်ပိုင်းကစပြီး မော်လမြိုင်မြိုတွင်း အဲဒီစခန်းအနီးသာမက လမုတန်း တလျှောက် စစ်သားနဲ့ ရဲတွေသွားလာနေသလို ဇေယျာသီရိ မြို့သစ်ဘက်အထိ ဦးတည်သွားလာနေကြောင်း မော်လမြိုင်မြို့ခံ တစ်ယောက်ကလည်း အတည်ပြုပါတယ်။
ရေတပ်သားတွေ ထွက်ပြေးတာကြောင့်လိုက်လံရှာဖွေ နေတာဖြစ်နိုင်တယ်လို့လည်း မော်လမြိုင် ဒေသခံတချို့က သုံးသပ်နေကြပါတယ်။