ထိုင်းက လက်မခံလို့ နေရပ်ပြန်လာရသူတွေ ဗုံးခိုကျင်းတွေတူးနေရပြီး မိုးရွာသွန်းမှုတွေ ကြောင့် အမိုးအကာတွေနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ကေအန်ယူသတင်းပြန်ကြားက သတင်းထုတ်ပြန်ပါတယ်။
ကေအန်ယူ-တပ်မဟာ (၅) နယ်မြေအတွင်းမှာရှိတဲ့ ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ထိုင်းဘက်က လက်မခံတာကြောင့် နေရပ်ကို ပြန်လာနေရသူတွေရှိလာနေတာပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေရှိ သလို စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။