စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုနဲ့အတူ သတင်းအမှောင်ချတာ အင်တာနက်ဖြတ်တောက်တာ တွေဖြစ်ပေါ်နေတာကြောင့် လူထုလှုပ်ရှားမှုတွေနဲ့ အဆက်မပြတ်စေဖို့ လှုပ်ရှားမှု နည်းနာတွေ ကို မျှဝေဖို့ဆိုပြီး မိုလိုတော့ပ်စာစဉ်ကို ဖြန့်ချိလိုက်တယ်လို့ အဲဒီစာစဉ်မှာ ဖော်ပြပါတယ်။
ဧပြီ ၁ ရက်က ဖြန့်ချိတဲ့ စာစဉ်တော့ ကျဆုံးသူရဲကောင်းတွေရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချိန် နောက်ဆုံးပြောခဲ့တဲ့အကြောင်းတွေနဲ့ အမှတ်တရစကားတွေ၊ ကဗျာတွေ ၊ ဆောင်းပါးတွေပါဝင်ပါတယ်။
မိုလိုတော့ပ်စာစဉ်စာစဉ် - ၁ ၊ အမှတ် - ၁ ကို ဧပြီ ၁ ရက်မှစတင်ပြီး ရန်ကုန်မြို့အနှံ့ ဖြန်န့်ချိနေတာဖြစ်ပြီး နယ်မြို့တွေက လွယ်ကူစွာ ကူးယူဖြန့်ချိနိုင်ဖို့လည်း မိုလိုတော့ဗ် - စာစဉ် ဖေ့ဘုတ်စာမျက်နှာကနေတဆင့် ကူးယူဖြန့်ချိနိုင်တယ်လို့ ဆိုပါတယ်။