မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မတ်လ ၂၇ ရက်နေ့က စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတဲ့သူတွေကို ဧပြီ ၂ ရက်နေ့ထိ မိသားစုဝင်တွေက တွေ့ခွင့်မရှိသေးဘူးလို့ ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပြီး ထမင်းပဲပို့ခွင့်ရှိတယ်လို့လည်း သိရပါတယ်။
မတ်လ ၂၇ ရက်က မိုးကုတ်မြို့အနောက်ပိုင်းသပိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေကသွားရောက်တောင်းဆိုရာမှာ ရဲကပစ်ခတ် တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၆ ယောက်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
မိုးကုတ်မှာ မတ်လ ၂၇ ရက်နေ့က ဒဏ်ရာရပြည်သူ ၄၅ ယောက်ရှိခဲ့ကာ သေဆုံးသူ ၁၁ ယောက် ရှိခဲ့ပါတယ်။