Home
မြန်မာသတင်း
ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့သည့် တောင်ကိုရီးယားဘဏ်ဝန်ထမ်း အမျိုးသမီး ၁ ဦး ကွယ်လွန်
DVB
·
April 2, 2021
su su2
167634317_3820258074707481_2524710601677589999_n
165516411_3820257864707502_6760399830743157799_n
su su

တောင်ကိုရီးယား Shinhan Bank ရန်ကုန်ဘဏ်ခွဲရဲ့   ရုံးဖယ်ရီကားကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုမှာ  သေနတ်ကျည်ဆန်  ဦးခေါင်းကို ထိမှန်ခဲ့တဲ့ ဘဏ်ဝန်ထမ်း အမျိုးသမီး ၁ ဦး ဒီနေ့မနက်က ကွယ်လွန်သွားပါတယ်။ 

သေနတ်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရတဲ့ ဘဏ်ဝန်ထမ်း မစုစုကြည် (NMDC, BM 2nd batch) ဟာ ဒီနေ့ မနက် ၉နာရီဝန်းကျင်လောက်မှာ  ကွယ်လွန်သွားတာလို့ သိရပါတယ်။

တောင်ကိုရီးယားဘဏ်ရဲ့ ဝန်ထမ်းကြိုပို့ယာဉ်ကို  မတ်လ ၃၁ ရက် ညနေ ၅နာရီလောက်က ရန်ကုန် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အကြောင်းမဲ့ သေနတ်ပစ်ခတ်တာကြောင့် ကားမှန်ကို ကျည်ဖောက်သွားပြီး ဘဏ်ဝန်ထမ်း မစုစုကြည်ရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ကာ  စိုးရိမ်ရအခြေအနေနဲ့ ဆေးရုံပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024