Home
မြန်မာသတင်း
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို CDM တိုက်နယ်ဆရာဝန်များ အပြည့်အဝထောက်ခံ
DVB
·
April 1, 2021
Untitled-2

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) က မတ် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter) ကြေညာချက်ကို အပြည့်အဝ ထောက်ခံကြောင်း CDM တိုက်နယ်ဆရာဝန်များအဖွဲ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

       ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာ ချက်ကိုလည်း ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

တိုက်နယ်ဆရာဝန်တွေအနေနဲ့ မတ် ၃၁ ရက်နေ့ထိ တိုင်အောင် မတရားအာဏာ သိမ်းထားတဲ့ စစ်ကောင်စီရဲ့ ဖိအားပေးခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ CDM အဖြစ် ရပ်တည်ခဲ့ကြတာကို အထူးကျေးဇူးတင်ကြောင်းနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခြင်း မရှိတဲ့ ညီအစ်ကိုမောင်နှမဟောင်းတွေနဲ့လည်း နှုတ်ဆက်လမ်းခွဲ ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နွေဦးတော်လှန်ရေးမှာ ကျ ဆုံးခဲ့ရသူတွေဖြစ်တဲ့ မောင်ခန့်ညားဟိန်း(Foundation Year UM1)၊ ဒေါက်တာဖြိုးသန့် ဝေ(၁၂/၂၀၀၅ - ဆေးမန်း)၊ ဒေါက်တာသီဟတင်ထွန်း(၁၂/၂၀၁၀ - ဆေးမန်း)၊ ဦးဇင်ထွန်း လွင်(ရပကန - ငှက်ဖျား)၊ မသဉ္ဇာဟိန်း(ဒုတိယနှစ်၊ သူနာပြုတက္ကသိုလ်၊ မုံရွာ)တို့ကို ဆေး လောကရဲ့ အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024