စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က ပင်မသပိတ်စခန်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင် (၄) ဦးကို မတ်လ ၃၁ မွန်းလွဲပိုင်းအချိန် က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟ တို့ဖြစ်ပြီး အရပ်ဝတ်တွေနဲ့ ကားမောင်းဝင်လာတဲ့အတွက် မသင်္ကာတာကြောင့် ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။
ထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘာဆက်လုပ်မယ်ဆိုတာ သပိတ်ခေါင်းဆောင်တွေနဲ့ တိုင်ပင်ညှိနှိုင်းနေတယ်လို့ သိရပါတယ်။