စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ပြည်သူ ၅ ယောက်ထက်မနည်းဖမ်းဆီးခံရ
DVB
·
March 30, 2021
စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ မတ်လ ၂၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဝရမ်းထုတ်ပြီးတော့ နေအိမ်တွေကိုဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဆင်ဖြူကျွန်းမြို့က လူငယ်နှစ်ဦးဖြစ်တဲ့ မောင်ရဲရင့်သော်နဲ့ မောင်ရဲသူလွင်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စလင်းမြို့မှာလည်း ကိုမျိုးသန်းထွန်းနဲ့ မထွေးတို့အပါဝင် သုံးယောက်ထက်မနည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။