Home
မြန်မာသတင်း
စည်ပင်ဌာနမှူးဟောင်းကို ရန်ကုန်မြို့တော်ဝန်အဖြစ် စစ်ကောင်စီခန့်အပ်
DVB
·
March 30, 2021
tj8 7

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခန့်အပ်လိုက်တဲ့ ရန်ကုန်မြို့တော်ဝန်အသစ်ဟာ စည်ပင်မှာဌာနမှူးအဖြစ်လုပ်ကိုင်ဖူးသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ ရန်ကုန်မြို့တော်ဝန်အသစ်ဟာ အရင် စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း တာဝန်ယူစဉ်က အင်ဂျင်နီယာဌာန(လမ်း/တံတား) ဌာနမှာ ဌာနမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးဗိုလ်ဌေးဆိုသူဖြစ်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လှိုင်သာယာမြို့နယ်တွေနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ စည်ပင်သာယာရေးလုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

ဦးဗိုလ်ဌေးဟာ ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးနောက် သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူခဲ့သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးမှ ပြန်လည်ဝင်ရောက်လာသူတစ်ဦးဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြို့တော်ဝန်အဖြစ် ဦးဗိုလ်ဌေး၊ ဦးညီညီကို ဒုမြို့တော်ဝန်၊ ဦးညွန့်ဖေကို အတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024