Home
မြန်မာသတင်း
သံလျင်တွင် စစ်တပ်က ပစ်ခတ်သဖြင့် စေတီဘုရားများကျည်သင့်ပြီး ပြည်သူ ၂ ဦးကျဆုံး
DVB
·
March 30, 2021
tj8
tj7
tj6
tj3
tj4
tj
tj2
tj2

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ (ရွာသစ်ပိုင်း)မှာ မတ်လ ၂၉ ရက်နေ့က အကြမ်းဖက်စစ်တပ်က ရပ်ကွက်တွေထဲအထိဝင်ပစ်ခတ်လို့ ဘုရားစေတီတွေ ကျည်သင့်ခဲ့သလို ပြည်သူ ၂ ယောက်သေဆုံးခဲ့ပါတယ်။

"ကျည်အစစ်တွေနဲ့ ဆက်တိုက်ပစ်ပါတယ်။လူ ၂ ယောက် ခေါင်းပွင့်သေဆုံးပြီး တယောက်အလောင်းကိုတော့ စစ်တပ်က ဘူဒိုဇာနဲ့ထိုးပြီး ယူသွားပါတယ် ။ သန်လျင်မြို့နယ်က ဗိုလ်ချုပ်ရွာတင်မကဘဲ တခြားနေရာတွေမှာပါ အပြင်းအထန်ပစ်ခတ်ခဲ့တာပါ။ သန်လျင်မြို့နယ် ဒါရ်ဂါရပ်ကွက်မှာလည်း တယောက်ဗိုက်ထိပြီး စိုးရိမ်ရပါတယ်။တခြား ဒဏ်ရာရထားတာလည်း အများကြီး ရှိပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်ဟာ မနက်ပိုင်းကပဲ နေအိမ်တွေထဲထိ လိုက်လံဖျက်ဆီးဝင်ရောက်ခဲ့သလို ပစ်ခတ်တဲ့ကျည်ဆံတွေလည်း နေအိမ်ထဲထိဝင်လာတယ်လို့ သူက ဆိုပါတယ်။

"လမ်းပေါ်တွေမှာလည်း တာယာတွေကိုမီးရှို့ဖျက်ဆီးလို့ တမြို့လုံးမီးခိုးတွေနဲ့ပြည့်နေပါတယ်။ ခု နောက်ထပ်သိရတာက ခြေထောက်ကျည်ထိတဲ့အစ်ကိုက ခွဲစိတ်နေရပါတယ်ရှင့်" လို့ ဒေသခံက ပြောပါတယ်။

လတ်တလော ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024