မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရတနာ မန်အောင်နယ်မြေမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၄ ဦးကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
မိတ္ထီလာမြို့မှာ ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းပြီး လူနေရပ်ကွက်အတွင်းကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ အမျိုးသားက ပြောသည်။
“ကျနော်တို့ ၂ ယောက်ပဲ အလောင်းကောက်လို့ရသေးတယ်။ ၁၃ နှစ်အရွယ် မိန်းကလေးကတော့ အိမ်ထဲကို ဝင်ပစ်လို့ ထိသွားတာ။”
ဒီနေ့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေက မိတ္တီလာမြို့ လူနေရပ်ကွက်များအတွင်း တပ်စွဲပြီး ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။