ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးတွင် ဝိညာဉ်သပိတ်ပြုလုပ်
DVB
·
March 25, 2021
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာအနီးမှာ အရိုးတွန်သံ ဝိညာဉ်သပိတ်တိုက်ပွဲကို မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
မေ ၃၀ ဒီပဲယင်းအရေးအခင်းဖြစ်ပွားခဲ့ရာနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြပါတယ်။
ဝိညာဉ်သပိတ်တိုက်ပွဲက အရုပ်တွေမှာ စာတွေရေးဆွဲကာ ပြုလုပ်ခဲ့တာဖြစ်သလို ကျဆုံးသူတွေကိုလည်း တက်ရောက်လာသူတွေက ဂါရဝပြု ဦးညွတ် အလေးပြုခဲ့ကြပါတယ်။