စစ်ကိုင်းတိုင်း ခန္တီးခရိုင်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ထွေအုပ်ဝန်ထမ်း ၈ ဦး မတ် ၁၃ ရက်နေ့က အလုပ်ကနေ ယာယီရပ်ဆိုင်းခံရတယ်လို့ သိရပါတယ်။
CDM ထွေအုပ်ဝန်ထမ်းတဦးက “အခုကျနော်တို့က CDM လုပ်တာ၊ အလုပ်ထွက်တာမဟုတ်ဘူး။ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်တဲ့အတွက် CDM မှာ ပါလာခဲ့တယ်၊ ခန္တီးမြိုခရိုင်အုပ်ချုပ်ရေးမှူးက အလုပ်တာဝန်မှ ရပ်ဆိုင်းတယ်လို့ စာထုတ်လာခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ဝန်ထမ်း ၈ ဦး အလုပ်ကနေရပ်ဆိုင်းခံရပေမဲ့ စစ်အာဏာရှင်ကို ရတဲ့နည်းနဲ့ တော်လှန်သွားမယ်လို့ CDM ထွေအုပ်ဝန်ထမ်း အခြားတဦးက ပြောပါတယ်။