စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ကျေးလက်ဒေသတွေမှာ မတ် ၁၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပိုမိုအင်အားများလာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ကျေးရွာအချင်းချင်းချိတ်ဆက်ပြီး စုရပ်ပုံစံမျိုးတွေနဲ့ ကျင်းပပြုလုပ် ဆန္ဒပြခဲ့ကြတာပါ။
အခုလိုကျေးလက်ဒေသတွေမှာ စုစည်းဆန္ဒထုတ်ဖော်နေကြတာဟာ မြို့ပေါ်တွေမှာ အတားအဆီး ဖြိုခွင်းမှုတွေများလာတာကြောင့် ရှောင်ကွင်းတဲ့ပုံစံဖြစ်သလို မိမိတို့ရဲ့ဆန္ဒကို အဆင်ပြေနိုင်တဲ့နည်းလမ်းတွေကိုသုံးပြီး စစ်အာဏာရှင်ကျဆုံးအောင်ထိ ဆက်လက်ဆန္ဒပြသွားကြမယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့မှာ မတ် ၁၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဖမ်းဆီးမှုတွေ စရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။