Homeမြန်မာသတင်း
တောင်ဥက္ကလာမေတ္တာလမ်းမပေါ်ရှိ သပိတ်မှောက်ပြည်သူများကို စစ်တပ်နှင့်ရဲက အင်အားသုံးဖြိုခွင်း
တောင်ဥက္ကလာမေတ္တာလမ်းမပေါ်ရှိ သပိတ်မှောက်ပြည်သူများကို စစ်တပ်နှင့်ရဲက အင်အားသုံးဖြိုခွင်း
DVB
·
March 12, 2021
ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ပဒေသာလမ်းဆုံနားက မေတ္တာလမ်းမပေါ်ရှိ သပိတ်ကို ဒီနေ့ မနက် ၁၁ နာရီလောက်က စစ်ကား ၈ စီးလောက်ဝင်လာပြီး လက်နက်ကိုင် အင်အားအလုံးအရင်းနဲ့ အသံဗုံးတွေအပြင် သေနတ်ပစ်ခတ်နှိမ်နင်းခဲ့တာရှိ ကြောင်း မျက်မြင်တွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေ ပြေးလွှားနေကြရပြီး ရဲနဲ့စစ်တပ်က လိုက်ဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။ ဒီနေ့ တောင်ဥက္ကလာသပိတ်ကို နာမည်ကြီး အဆိုတော်တချို့လည်း ဝင်ရောက်အားဖြည့်ပါဝင်လာတာ တွေ့ရပါတယ်။