မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၂ ရက်မနက်က လူအင်အားသောင်းချီနဲ့ပါဝင် ပြုလုပ်ခဲ့ပါတယ်။
ဒီလူထုလှုပ်ရှားမှုမှာ လူအင်အား သောင်းချီပါဝင်လာတာက မတ်လ ၃ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်ပိုင်း အများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အေးအေးချမ်းချမ်းနဲ့ အနှောင့်အယှက်မရှိ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ရက်ပေါင်း ၄၀ ဝန်းကျင်အတွင်း လူ ၉ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။