သာကေတပြည်သူများ စစ်အာဏာရှင်စနစ် ဆက်လက်ဖီဆန်
DVB
·
March 12, 2021
မတ် ၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ပေါ်မှာ သာကေတ နဲ့ ဒေါပုံမြို့နယ်က ပြည်သူတွေ စုပေါင်းပြီး မြင်တော်သာလမ်းမကြီး တလျှောက် အတားအဆီးအကာအရံတွေပြုလုပ်ကာ လူအင်အားရာနဲ့ချီ စုဝေးဆန္ဒပြနေပါတယ်။
မတ်လ ၁၁ ရက်နေ့ ညပိုင်းမှာတော့ သာကေတမြို့နယ်ထဲက ရပ်ကွက်လမ်းတွေကို စစ်သားနဲ့ရဲတွေက အကြမ်းဖက်ဝင်ရောက်ကာ ဖမ်းဆီးရှာဖွေတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။