တချိန်က နာမည်ကြီး သရုပ်ဆောင်အကယ်ဒမီ မင်းသမီးတလက်ဖြစ်တဲ့ ဇင်မာဦးဟာ မတ် ၁၁ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားပါတယ်။
သူဟာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတွေ နာတာရှည် ခံစားနေခဲ့ရပြီး ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
ဇင်မာဦးဟာ မြန်မာ့ဗီဒီယိုတခေတ်မှာလည်း ထင်ရှားတဲ့ သရုပ်ဆောင်မင်းသမီးတ လက်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုတော့ သီတာခုနစ်တန် ရုပ်ရှင်ကားနဲ့ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
သရုပ်ဆောင် ဇင်မာဦးရဲ့ နာရေးသတင်းနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေက လည်း ဝမ်းနည်းကြေကွဲရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် မျှဝေ နေကြတာကို တွေ့ရပါတယ်။
သရုပ်ဆောင်မင်းသား သီဟတင်စိုးရဲ့ ဇနီးဖြစ်တဲ့ ဇင်မာဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်အရွယ် ရှိနေပြီဖြစ်ကာ သားတယောက်နဲ့ သမီးတယောက် ကျန်ရစ်ခဲ့ ပါတယ်။
နာရေးအခမ်းအနားကိုတော့ ဒီကနေ့ မနက် ၁၁ နာရီမှာ အောင်ရတနာဆေးရုံက နေ ရေဝေးသုသာန်ဆီ ပို့ဆောင်သင်္ဂြိုလ်မှာဖြစ်တယ်။