အုတ်ဖိုသပိတ်စစ်ကြောင်း စစ်တပ်နှင့်ရဲ အင်အားသုံးဖြိုခွင်း၊ ဆန္ဒပြသူ ၆ ဦးကို ဖမ်းဆီး
DVB
·
March 10, 2021
DVB
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းအား ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွင်းပြီး ၆ ဦး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူ ၇ ဦးအနက် ဘုန်းကြီးကျောင်းသား ၁ ဦးကို ပြန်လွှတ်ပေးပြီး ကျန် ၆ ဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ အတိအကျမသိရသေးလို့ ဒေသခံတွေက ပြောပါတယ်။