စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဆေးရုံဝန်းအတွင်းက ရွှေ့ပြောင်းခိုင်းခံရတယ်လို့ သိရပါတယ်။
ဟုမ္မလင်းဆေးရုံ CDM ဝန်ထမ်းတစ်ဦးက “ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆေးရုံ CDM ဝန်ထမ်းတွေကို မတ် ၁၀ ရက်နေ့ မနက်မှာ မြို့နယ်ရဲတပ်ဖွဲမှူးနဲ့ မြို့နယ်ထွေအုပ်တို့ လာရောက်လာပြီး ကျမတို့ကို CDM ဆက်လုပ်နေမယ်ဆိုရင် ဆေးရုံးဝန်းကနေထွက်ရမယ်၊ CDM မလုပ်ဘူးဆိုရင် လုံခြုံရေးတာဝန်ယူပေးမယ်၊ ကျမတို့ CDM ဆက်လုပ်မယ်ဆိုပြီး ထွက်ခဲ့တယ်” လို့ ပြောပါတယ်။
ဟုမ္မလင်း ဆေးရုံမှာ CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း ၂၉၄ ဦး ရှိတယ်လို့ သိရပါတယ်။