Home
မြန်မာသတင်း
ထားဝယ်သပိတ်ကော်မတီက ဦးဆောင်သူတဦးကို အရပ်ဝတ်ရဲများက ရိုက်နှက်ဖမ်းဆီး
DVB
·
March 10, 2021
Dawei Protester leader arrested 1
Dawei Protester leader arrested ၂
Dawei Protester leader arrested ၄
Dawei Protester leader arrested ၅
158946482_1150998202015247_3477771485658972973_n

တနင်္သာရီတိုင်း ထားဝယ်သပိတ်ကော်မတီက ဦးဆောင်သူတဦးကို ဒီနေ့မနက် ၁၂ နာရီလောက်က အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက  ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ထားဝယ်သပိတ်ကော်မတီခေါင်းဆောင်ဟာ ဆန္ဒပြလူစုခွဲပြီးနောက် ကားဝပ်လျှော့မှာ ကားပြင်နေစဉ် အရပ်ဝတ်နဲ့ ရဲတွေက V-GO ကားအနက်ရောင်နဲ့ ရောက်ရှိလာပြီး ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးခဲ့တာလို့ ဆန္ဒပြ ကျောင်းသားတဦးက ပြောပါတယ်။

“သပိတ်ခေါင်းဆောင် ကိုကျော်ထွေးပါ။ ဝဲကျွန်းရပ်ကွက်က ကားပြင်ဆိုင်မှာ ကားပြင်နေတုန်း ရဲတွေက ရိုက်နှက်ပြီးဖမ်းတာ၊ ဆန္ဒပြတဲ့အချိန်မဟုတ်ဘူး၊ ဆန္ဒပြပွဲက ၁၁ လောက်မှ ပြီးသွားတာ၊ ပြီးသွားပြီးမှ ဖမ်းသွားတာ။”

ဒီနေ့မနက် ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း နှစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

သပိတ်စစ်ကြောင်းတခုကတော့ ဒီနေ့မနက် ၁၀ နာရီလောက် ကျွန်းမွှေး (သံပုရာကန်လမ်းဆုံ) မှာ စစ်တပ်က မျက်ရည်ယိုဗုံး၊ သေနတ်တွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး ဒဏ်ရာရသူတော့ မရှိဘူးလို့   ဆန္ဒပြကျောင်းသားတဦးက ပြောပါတယ်။

ဒီနောက် ဆန္ဒပြပြည်သူတွေ လူပြန်စုပြီး ဆက်လက်ဆန္ဒပြခဲ့ကြပြီးနောက် ၁၁ နာရီလောက်မှာ လူစုခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့မှာ မနေ့ညနေပိုင်းကလည်း စစ်တပ်က မြို့ရဲ့ အဓိကနေရာတွေမှာ တပ်တွေ နေရာချခဲ့ပြီး ဒေသခံတွေ ကန့်ကွက်တဲ့အပေါ် သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ရပ်ကွက် လမ်းတွေမှာ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုရန်နိုင် (ထားဝယ်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024