Home
မြန်မာသတင်း
ပင်လုံ - လွိုင်လင် သပိတ်စစ်ကြောင်းတွင် အနည်းဆုံး ၁၃ ဦး ဖမ်းဆီးခံရ
နန်းမြနဒီ
·
March 8, 2021
158727137_271931634312150_7386071019205560117_n
157916239_360772885248790_8833314321513832087_n
157855501_185883629970719_4222644679532464221_n
157830652_459483492072009_5477174847414757329_n
157673940_138795341460790_3619960549956869385_n
156482084_746953882626073_4753022637798968092_n

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နဲ့ ပင်လုံမြို့က ဒေသခံတွေ ပူးပေါင်းပြီး စစ်အာ ဏာရှင်ကျဆုံးရေးအတွက် နေ့စဉ် ဆန္ဒပြနေကြရာမှာ ဒီကနေ့ မတ်လ ၈ ရက်မှာတော့  ရဲနဲ့စစ်တပ်က  လူ ၁၃ ဦးထက်မနည်းကို ဖမ်းဆီး သွားကြပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေရှေ့ကို လာရောက်ကာ ဟန့်တားခဲ့ကြောင်း၊  အဲဒီနောက် တားထားတဲ့နေရာကို ဆိုင်ကယ်နဲ့ဝင်သွားတဲ့ အမျိုးသမီး ၂ ဦးကို အရင်ဖမ်းဆီးပြီး သပိတ်စစ်ကြောင်း ကွဲသွားပေမယ့် ထွက်ပြေးတဲ့လူတွေကို လိုက်လံဖမ်ဆီးရာမှာ ဆိုင်သူတွေရော မဆိုင်သူတွေပါ အနည်းဆုံး ၁၃ ယောက် ပါသွားတယ်လို့  ဆန္ဒပြ ကျောင်းသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ပင်လုံကအထွက် လွိုင်လင်မြို့အဝင်မှာ ရဲတွေက ဒီနေ့အဖို့ ဆန္ဒမပြပါနဲ့လို့ လာတားတယ်။ အဖွဲ့ထဲမှာ တချို့ကလည်း နောက်နေ့မှ ပြရအောင်တဲ့၊ တချို့က အခုအလျှော့ ပေးရင် နောက်လည်းအမြဲအလျှော့ပေးရမှာဘဲဆိုပြီးညှိနှိုင်းရင်းနဲ့ ထိုင်သပိတ်လုပ်လိုက်ကြတယ်။ အဖွဲ့ထဲမှာ လွိုင်လင်က ၂ ယောက်ပါလာပြီး သူတို့က အိမ်ပြန်မယ်ဆိုပြီး ဆိုင်ကယ်နဲ့ တားထား တဲ့ နေရာကို ဖြတ်မောင်းတော့ အဲဒီမှာစအဖမ်းခံရတာပါပဲ။ သူတို့ကို ပြန်လွှတ်ပေးရင် ဒီနေ့ ဆန္ဒမ ပြဘူးလို့ ညှိနှိုင်းနေတုန်းမှာပဲအချုပ်ကားရောက်လာတယ် ၊ စစ်သားတွေလည်း ထပ်လာတယ် ၂၀ ကျော်ရှိမယ်။ ပြီးတော့ ဆန္ဒပြတဲ့လူတွေ ဖမ်းမလို့လုပ်တော့ ကျမတို့ အကုန် ဆိုင်ကယ်နဲ့ အသကုန်ထွက်ပြေးကြတယ်။ ကျမတို့က ခြံဝင်းတခါထဲဝင်ပုန်းပြီး ရဲကားတွေလွန်သွားမှ တခြားလမ်း အသိ အိမ်တွေဆီ လျှောက်သွားပြီးမှ အိမ်ကိုပြန်တယ်။ နောက်တော့ သူငယ်ချင်းတွေ ဖုံးဆက်လာတာ ၁၃ ယောက်အဖမ်းခံရတယ်တဲ့၊ တချို့က ဆန္ဒပြတဲ့ထဲမပါဘူး ၊ အချုပ်ကားနဲ့ ရဲကားတွေကပင်လုံ မြို့လယ်မှာရပ်ပြီး ဖြတ်သွားတဲ့လူတိုင်းကို တားပြီးစစ်တယ်။ သူတို့ဓာတ်ပုံရိုက်ထားတဲ့ ဆန္ဒပြ လူတွေရဲ့ပုံနဲ့ တိုက်ကြည့်ပြီး  တူတယ်လို့ထင်ရင် ဖမ်းသွားတာတဲ့   

လောလောဆယ် အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့   ရှမ်းပြည်နယ်လုံးဆိုင်ရာ မဟာသံဃ နာယက ဆရာတော်ကိုယ်တိုင် ဦးဆောင်ပြီးသွားရောက်ညှိနှိုင်းနေပါတယ်။ 

အခုလို ခြိမ်းခြောက်ဖမ်းဆီးမှုတွေ ရှိနေပေမယ့် စစ်အာဏာရှင် မပြုတ်ကျမချင်းကိုတော့ ဆ က်လက်တိုက်ပွဲဝင်သွားမယ်လို့  ဆန္ဒပြအဖွဲ့ဝင်က ပြောသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024