Home
မြန်မာသတင်း
ဘားအံတွင် သပိတ်စစ်ကြောင်းကို လိုက်လံဖမ်းဆီးသဖြင့် နေရာပြောင်းဆန္ဒပြ
DVB
·
March 8, 2021
158943083_820802115446730_1899774361668754055_o
158876560_820803085446633_961141579541188441_o
158713228_820801465446795_6413221854809749091_o
158571230_820802478780027_1097468005956329242_o
158434884_820799865446955_5532142837533279313_o
158371205_820801728780102_2754797677876208474_o
158367418_820801882113420_2221089809735431400_o
158348318_820803498779925_7737184066156718255_o
158301275_820800858780189_8487635713886967036_o
158291251_820801212113487_5914026453173577501_o
158288963_820802865446655_2969830795851597330_o
158220395_820800565446885_1138852434235267253_o
157768913_820801035446838_3151200235074240870_o

စစ်အာဏာရှင်ဆန့်ကျင်ရေး ဘားအံလူမျိုးပေါင်းစုံညီညွတ်ရေး သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတွေက လိုက်လံနှောင့်ယှက်ဖမ်းဆီးတဲ့အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တာကျေးရွာ ဘောလုံးကွင်းမှာ ပြည်သူတွေက နေရာပြောင်း ဆန္ဒပြခဲ့ပါတယ်။

ပြည်သူတွေ လူစုလူဝေး မပြုလုပ်နိုင်အောင်နဲ့ ဆန္ဒမ​ပြနိုင်အောင် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေက လိုက်လံဖမ်းဆီး နှောင့်ယှက်တာတွေ သပိတ်စစ်ကြောင်းချီ တက်ရာ လမ်းကြောင်းတလျှောက် လုံခြုံရေးချထားတာတွေကြောင့် ဆန္ဒပြသပိတ်စစ်ကြောင်းဟာ ထိပ်တိုက်တွေ့ဆုံတာကို မပြုလုပ်ဘဲ နေရာပြောင်း​ပြီး ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြရာမှာ ကော့ကဒါကျေးရွာစုရပ်ကနေ ကော့တာကျေးရွာ ဘောလုံးကွင်းအထိ အင်အား ၁၀၀၀ ခန့်က ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည် ဆန္ဒပြခဲ့တာပါ။

“ကျနော်တို့ကို ဘယ်လိုပဲ ခြိမ်းခြောက်ခြောက် နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ဖိလေ ကြွလေပဲ။ တော်လှန်ရေး မအောင်မြင်သရွေ့ ဘယ်သူမှ ထိခိုက်လို့မဖြစ်ဘူး။ ဒါကြောင့် နေရာရွေ့ပြီး ဆန္ဒပြတာ။ နောက်နေ့ နောက်နေ့တွေ ဆက်ပြီးဆန္ဒပြမယ်” လို့ ဆန္ဒပြပွဲပါဝင်ခဲ့သူ တစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၅ ရက်ကစတင်ပြီး မတ်လ ၈ ရက်နေ့ထိ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြသူတွေ၊ CDM ပါဝင်သူတွေ၊ ဆန္ဒပြပွဲမှာ မပါဝင်သူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပြည်သူ ၁၀၀ နီးပါး အဖမ်းခံခဲ့ရပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၀(က) နဲ့ တရားစွဲခံထားရသူတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024