ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အောက်ဗဟိုလမ်းမကြီး ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်ပြည်သူတွေ စုပေါင်းပြီး ဒီနေ့မနက်u အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြနေရာမှာ ရဲနဲ့စစ်တပ်က ရပ်ကွက်လမ်းတွေအထိ လိုက်လံအင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေဟာ သပိတ်စခန်းတွေရှိရာနဲ့ လူနေရပ်ကွက်တွေအတွင်းကို ရဲနဲ့စစ်တပ်က အလွယ်တကူ ဝင်ရောက်လာနိုင်အောင်မရှိစေဖို့ လမ်းမတွေမှာ ပစ္စည်းအစုံအလင်နဲ့ ပိတ်ဆို့တားဆီးမှုတွေ ကြိုတင်ပြုလုပ်ထားခဲ့ပါတယ်။
အဲ့ဒီလို တားဆီးမှုတွေပြုလုပ်ခဲ့ပေမယ့် ရဲနဲ့စစ်တပ်က မျက်ရည်ယိုဗုံး ၊ အသံဗုံးနဲ့ ရာဘာကျည်တွေကိုအဓိကအသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။
ဒါပေမဲ့ သပိတ်မှောက်ပြည်သူတွေဟာလည်း ဒိုင်းကာတပ်တွေ၊ မီးသတ်ဆေးဘူးတွေနဲ့ဖြန်းကာ ပြန်လည်ကာကွယ်ခဲ့ပါတယ်။
ရဲအင်အားအလုံးအရင်းနဲ့အကြမ်းဖက်ဖြိုခွင်းခဲ့ရာ သပိတ်မှောက်ပြည်သူလူထုတွေထဲက တစ်ချို့ ဖမ်းဆီးခံရပြီး တစ်ချို့ သေနတ်ဒဏ်ရာ ရတာတွေလည်း ရှိနေပါတယ်။
သပိတ်မှောက်ပြည်သူတွေကလည်း အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် လူအင်အားပြန်စုပြီး ငြိမ်းချမ်းစွာ ဆန္ဒဆက်လက်ထုတ်ဖော်နေကြပါတယ်။