ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတို့က CDM မှာ ပါဝင်တဲ့ ဝန်ထမ်း ၁၀ ဦးဟာ ဖုန်းဆက်ပြီး ခြိမ်းခြောက်ခံနေရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် လက်အောက်မှာ တာဝန်မထမ်းလိုတာကြောင့် ဘယ်သူဘယ်သူရဲ့ တိုက်တွန်းချက်မပါဘဲ တစ်ဦးချင်း သဘောဆန္ဒအရ CDM ပါဝင်ရတာလို့ ပါဝင်သူတွေက ပြောပါတယ်။
အခုလို CDM ဝန်ထမ်းတွေကို မည်သို့မည်ပုံ အရေးယူသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး မအူပင်မြို့နယ်တရားရုံး ပြောရေးဆိုခွင့်ရှိသူ တရားသူကြီးကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုအချိန်ထိ တိကျစွာသိရှိရခြင်း မရှိသေးကြောင်းနဲ့ လတ်တလော ဖြေဆိုဖို့ မရှိသေးဘူးလို့ ပြောပါတယ်။