Home
မြန်မာသတင်း
အာဏာရှင်စနစ်ကို တွန်းလှန်ရန် မန္တလေးတိုင်းရဲအကူတပ်ဖွဲ့က ဒုရဲမှူး CDM ပါဝင်
DVB
·
March 6, 2021
Jr Officer Police Thet Naing Tun

မန္တလေးတိုင်း ရဲအကူတပ်ဖွဲ့က ဒုရဲမှူး သက်နိုင်ထွန်းဟာ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ မတ်လ ၅ ရက်ကစလို့ ပြည်သူတွေနဲ့အတူ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီလို့ ကာယကံရှင်ရဲ့ တိုင်းရဲတပ်ဖွဲ့ဆီ အသိပေးအကြောင်းကြားစာအရ သိရပါတယ်။

လက်ရေးမူနဲ့ ပေးပို့တဲ့ အကြောင်းကြားစာမှာတော့ ပြည်သူတွေကို မတရားဖိနှိပ်၊ ဖမ်းဆီး၊ ပစ်ခတ် သတ်ဖြတ်ခံနေတာတွေဟာ သူ့အနေနဲ့ ရင်နဲ့မဆံ့အောင် ခံစားရတာကြောင့် အခုလို CDM လုပ်ပြီး အာဏာရှင်စနစ်ကို တော်လှန်မယ်လို့ ရေးသားထားပါတယ်။

အာဏာရှင်စနစ်ကို တော်လှန်ရတာဟာလည်း ရဲတပ်ဖွဲ့ကို ပြည်သူတွေ အမြင်မကြည် ရန်သူဖြစ်အောင် မတရားဖိနှိပ်ကာ ဥပဒေမဲ့ ခိုင်းစေမှုတွေကြောင့်လည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့လည်း သူ့အနေနဲ့ အခုလို လုပ်တာဟာ ရဲတပ်ဖွဲ့က ထွက်တာမဟုတ်သလို တပ်ဖွဲ့ဝင်တွေအပေါ် စော်ကားလိုတာမဟုတ်ဘူးလို့လည်း ပြန်ရှင်းရေးသားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024