ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်က ရဲတပ်သား အံ့ထူးအောင်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ မတ်လ ၃ ရက်နေ့က ပါဝင်လာကြောင်း ညောင်တုန်းဒေသခံတွေကပြောပါတယ်။
ပြည်သူတွေအပေါ် စစ်အာဏာရှင်တွေက မတရားလုပ်နေတဲ့အပေါ် မြင်တွေ့နေရတဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအပေါ် မတရားအမိန့်တွေပေးကာ ပြည်သူတွေအပေါ် ဥပဒေမဲ့ မတရားစေခိုင်းတဲ့ အပေါ် လုံးဝ(လုံးဝ)မလုပ်ကိုင်နိုင်လို့ CDMမှာပါဝင်တာလို့ အဆိုပါ ရဲတပ်သားရဲ့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဆီပေးပို့တဲ့စာမှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်မပြုတ်မချင်းတိုက်ပွဲဝင်သွားမယ်လို့လည်း CDMမှာပါဝင်တဲ့ ရဲတပ်သား အံ့ထူးအောင်က ပြောပါတယ်။