ကချင်ပြည်နယ် ရွှေကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အငယ်တန်းစာရေး ဦးခန့်ဦးကိုကိုဟာ ဒီနေ့ မတ်လ ၃ ရက်နေ့မှာ အာဏာဖီဆန် CDM စတင်ပြုလုပ်လိုက်ပြီလို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ကြေညာလိုက်ပါတယ်။
လက်ရှိအချိန်မှာ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး တစ်လကျော်ကြာတဲ့ အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
အခုလိုCDMလုပ်ရတာနဲ့ ပတ်သက်ပြီး "အခုချိန်မှာဗျာ ကျနော်တို့ ရွေးကော်မရှင်ဥက္ကဋ္ဌ ဆရာမကြီးနဲ့ အတွင်းရေးမှူးကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဗျာ။ အခုထိပြန်မလွှတ်သေး ဘူးလေ။ ပြည်သူ့အစိုးရပြန်တက်ပြီး ကျနော့် ဆရာမကြီးတို့ အတွင်းရေးမှူးတိုရဲ့ ဦးဆောင်မှုအောက် ပြန်ရောက်တဲ့နေ့ ကျနော့်တာဝန်တွေဆက်လက်ထမ်းဆောင်သွားမှာပါ” လို့ ဦးခန့်ဦးကိုကို ပြောပါတယ်။
သူဟာ ရွှေကူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ ပထမဆုံးCDMပြုလုပ်တဲ့ ဝန်ထမ်းလည်းဖြစ်ပါတယ်။