အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘဲ အာခံဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်က ထွေအုပ်ဝန်ထမ်း ၂၃ ယောက် အလုပ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။
နတ္တလင်းမြို့နယ်မှာ CDM လုပ်နေတဲ့ ဝန်ထမ်းတချို့ကို အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် အလုပ်ပြန်ဆင်းခဲ့ပေမယ့် ဝန်ထမ်း ၂၅ ယောက်ကတော့ CDM မှာ ဆက်လက်ပါဝင်နေတာပါ။
အဲဒီထဲက ၂၃ ယောက်ကတော့ အလုပ်မှ ထုတ်ပယ်ခံခဲ့ပြီး ၂ ယောက်ကတော့ အလုပ် ယာယီရပ်ဆိုင်းခံခဲ့ရတယ်လို့ ထွေအုပ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးကျော်ရဲထွဋ်က ပြောပါတယ်။
ထွေအုပ်ဝန်ထမ်းတွေကို ပထမဆုံးထုတ်ပယ်တာဖြစ်တဲ့အတွက် အံ့ဩမိပေမယ့် ရွေးကောက်ခံအစိုးရပြန်တက်လာချိန်မှာ သေချာပေါက်တာဝန်ပြန်ထမ်းဆောင်ရမယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။