ကချင်ပြည်နယ် ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲအုပ်အဆင့်ရှိတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မတ်လ ၃ ရက်နေ့က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
CDM လုပ်တဲ့ ဝန်ထမ်းကတော့ ဒုရဲအုပ် ရဲစိုးအောင်ဖြစ်ပြီး သူက မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ကျနေသူဖြစ်ပါတယ်။ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က ပထမဆုံး CDM လုပ်တဲ့ ရဲဝန်ထမ်းလည်း ဖြစ်ပါတယ်။
အဆိုပါ ရဲဝန်ထမ်းက CDM လုပ်တဲ့အကြောင်း မြို့နယ်ရဲတပ်ဖွဲ့ရုံးထံ တင်တဲ့စာမှာ မတ်လ ၁ ရက်နေ့လို့ ရက်စွဲတပ်ထားပေမဲ့ အဆိုပါစာကို မတ်လ ၃ ရက်နေမှတရားဝင်တင်ခဲ့တာလို့ သူနဲ့နီးစပ်တဲ့တစ်ယောက်ကပြောပါတယ်။
ရွှေကူမြို့နယ်မှာ မတ်လ ၃ ရက် အထိ အစိုးရဌာနအသီးသီးက CDM ပြုလုပ်သူ ဝန်ထမ်းစုစုပေါင်း ၂၄၆ ဦးအထိ ရှိလာဖြစ်တယ်လို့ CDM ဝန်ထမ်းတွေ ထောက်ပံ့ရေး အဖွဲ့ဆီကနေ သိရပါတယ်။