စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အုပ်ချုပ်ရေးမှူးဟာ မတ်လ ၃ ရက်က စတင်ပြီး အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
“အခုဆို ကျနော်တို့ စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံး CDM ပါလာခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့လို စိတ်ဓာတ်မျိုး လေးစားဖို့ကောင်းတယ်။ ပြည်သူနဲ့ တသားတည်း ရပ်တည်လာတဲ့ လေးစားဂုဏ်ယူပါတယ်”လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။
နောက်လည်း သူလိုလူတွေ CDM မှာ ပါလာဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။ သူဟာ ကနီမှာ တာဝန်ကျလာခဲ့တာ ၁ လလောက်ပဲရှိပြီး အာဏာရှင်ကို ဖီဆန်တဲ့ လူထုလှုပ်ရှားမှု CDM မှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။