ရန်ကုန်မြို့၊ အင်းစိန် ပေါက်တောဝဘက်ခြမ်းကို စစ်တပ်၊ ရဲနဲ့ စစ်ကားတွေ မလာနိုင်အောင် အောင်ဇေယျတံတားထိပ်မှာ ပြည်သူတွေက အရံအတားတွေ အဆင့်ဆင့် ပိတ်ဆို့ပြီး ဆန္ဒပြနေကြပါတယ်။
အင်းစိန်ထောင်ရှေ့မှာ ဒီနေ့မနက် ပြည်သူတွေ ထိုင်သပိတ် ဆင်နွှဲနေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်၊ အသံဗုံး၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးနောက် အင်းစိန်ထောင်ရှေ့မှာပိတ်မိနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကားများ အင်းစိန် ပေါက်တောဝဘက်ခြမ်းကို မလာနိုင်အောင် လူထုက ပိတ်ဆို့ပြီး ဆန္ဒပြနေကြတာပါ။
အင်းစိန် ပေါက်တောဝနဲ့ ကမ်းနားဘက်ခြမ်းက ရပ်ကွက်တွေမှာလည်း ပြည်သူတွေက အရံအတားတွေနဲ့ ပိတ်ဆို့ထားပါတယ်။