သပိတ်ကျင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ပြန်လွတ်
DVB
·
March 2, 2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးတိုးချစ်ကို မတ်လ ၁ ရက် ည ၇ နာရီ ကျော်လောက်က ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ဦးတိုးချစ်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီကတည်းက စတင်ဖမ်းဆီးသွားခဲ့ပြီး အမှတ် (၁၃) တန်းမြှင့်စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ထိန်းသိမ်းထားခဲ့ပြီး နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။