Home
မြန်မာသတင်း
ချောက်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သော့ဖွင့်ပေးရန် စစ်တပ်နှင့်ရဲ အင်အားသုံး
DVB
·
March 2, 2021
155492665_828909921023883_3047752079614551249_n
154747571_828909837690558_149574780300776165_n
154736714_828909874357221_5031318558683815429_n
154224229_828909987690543_5867991743875299657_n

မကွေးတိုင်း၊ ချောက်မြို့က အမှတ် ၁ ရပ်ကွက်ရုံးအား ပြည်သူတွေသော့ခတ်ထားတာကို မတ်လ ၁ ရက်ညနေပိုင်းက မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့အင်အားသုံးပြီး ဖွင့်ပေးဖို့ ပြောဆိုမှုအပေါ် ဒေသခံတွေ အလုံးအရင်း နဲ့ ထွက်လာပြီး ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အမှတ် ၁ ရပ်ကွက် ရုံးအနီးက အမှတ် ၁၊ ၂၊ ၃၊ ၄ က ပြည်သူတွေရောက်လာပြီး စစ်ကောင်စီမှ ရပ်ကွက်လူကြီးတွေကို လူထုသဘောမပါဘဲ ခန့်အပ်တဲ့အပေါ် မလိုလားတာကြောင့် ရပ်ကွက်ရုံးကို ပိတ်ထားတာဖြစ်ပြီး မိမိတို့သဘောဆန္ဒနဲ့ ရွေးချယ်ပြီး ပြန်လည်တင်ပြသွားမယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက "အခုက ပြေပြေလည်လည်ပြောကြတာဆိုတော့ ဆက်သွယ်လို့ရမဲ့ ရာအိမ်မှူး အုပ်ချုပ်ရေးမှူးလည်း ရွေးပြီးတင်ပေးရင် စာရင်းပေး၊ အဲဒါမှ သူတို့ဆီ ပြန်လည်တင်ပြပေးမှာ။" လို့ ပြောပါတယ်။

ချောက်မြို့နယ်အတွင်း ရပ်ကွက်ရုံးတွေကို ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ပြီး  “မည်သည့်ထွေအုပ်စာရေး၊ မည်သည့် ရပ်ကွက်လူကြီးမှ အလိုမရှိ ကိုယ်ပိုင်အုပ်ချုပ်မည်” ပုံဒေသခံများ ဆိုပြီး ပိုစတာတွေ ချိတ်ဆွဲထားခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024