၁-၂-၂၀၂၁
-ဖေဖော်ဝါရီ ၁ ရက် မနက် တပ်မတော်က အာဏာသိမ်း။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များ၊ အန်အယ်လ်ဒီပါတီ ထပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း။
မြဝတီရုပ်သံမှလွဲ၍ ကျန်ရုပ်သံလိုင်းအားလုံး၊ ရေဒီယို၊ အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်။
-ဒုသမ္မတ ဦးမြင့်ဆွေ ၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ၇ ဦးက ကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီ အစည်းအဝေးကျင်းပ။
-မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၁၈ ပုဒ်မ ခွဲ(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား ကာကွယ်ရေးဦးစီချုပ်ထံ လွဲအပ်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်။
-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အာဏာသိမ်းရခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးချက်ထုတ်ပြန်။ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီအား ပြန်လည်၍ အာဏာလွှဲ ပြောင်းပေးမည်ဟု ကြေညာ။
-ဒုဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ပါဝင်သော စုစုပေါင်း အဖွဲ့ဝင်(၇) ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြန်လည်ဖွဲ့စည်းကြောင်းထုတ်ပြန်။
-ပြည်ထောင်စုဝန်ကြီး (၁၁) ဦးကို ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ် တာဝန်ပေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ( ၆/၂၀၂၁ ) ဖြင့်ထုတ်ပြန်။
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှရပ်စဲ။ ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်။
-လွှတ်တော်အစည်းအဝေးတက်ရန် ရောက်ရှိနေသည့် နေပြည်တော် စည်ပင်ရိပ်သာရှိ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးပိတ်ပင်ထား။
၂-၂-၂၀၂၁
-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ-ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ တို့ပါဝင်တဲ့ ၁၁ ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်း။
-အာဏာသိမ်းစစ်ကောင်စီက ဒေါက်တာသီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်။ ဒေါက်တာကံဇော်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်ခန့်အပ်။ ဒုရှေ့နေချုပ်ဦးဝင်းမြင့်အား တာဝန်မှရပ်စဲ။ ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား အငြိမ်းစားပေး။
-အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်အား ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေး။ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲ တာဝန်ပေး။ ဥက္ကဋ္ဌဦးသိန်းစိုးပါဝင်သော ၆ ဦးပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခန့်အပ်။ ဦးသန်းညိန်းအား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်။ ဦးခင်မောင်ရီအားသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေလေး အား ဆောက်လုပ်ရေးဝန်ကြီးအဖြစ်ခန့်အပ်။
-အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်။ ဒေါက်တာမောင်မောင်နိုင်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်။
-ဖမ်းဆီးခံခေါင်းဆောင်များကိုလွှတ်ပေးရန် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်၊ တတိယအကြိမ်လွှတ်တော်ခေါ်ရန် အန်အယ်လ်ဒီကြေညာ။
-ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က ဦးဆောင်မှုဖြင့် မြန်မာ့အရေးဆွေးနွေး တရုတ် ရုရှားတို့၏ သဘောတူညီမှုမရသဖြင့် ကြေညာချက်မထုတ်နိုင်။
-နိုင်ငံတော်အာဏာသိမ်းကြောင်းထုတ်ပြန်ချက်များ ထုတ်ပြီးနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ကို တပ်မတော်ကဖမ်းဆီးခေါ် ဆောင်သွားပြီး အစိုးရအဖွဲ့ဝန် ကြီးအိမ်ရာအတွင်း ရှိနေသော ပြည်နယ်ဝန်ကြီးများ၊ တရားသူ ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို နေအိမ်တွင် ထိန်းသိမ်းထား။
-နိုင်ငံတဝန်း နေအိမ်အသီးသီးက စစ်တပ်အာဏာသိမ်းမှုကိုလက်မခံကြောင်းပြသသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများက သံပုံးတီးပြီး စတင်ဆန္ဒထုတ်ဖော်။
၃-၂-၂၀၂၁
-အာဏာသိမ်းစစ်ကောင်စီ နစအ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ။
-နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေဖြင့်လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့်လည်းကောင်း တရားစွဲ။
-ငွေစက္ကူများ စိတ်ချယုံကြည်စွာ ဆက်လက်သုံးစွဲနိုင်ကြောင်း စစ်ကောင်စီ ကြေညာ။
-နေပြည်တော် စည်ပင်ရိပ်သာမှ ရွေးကောက်ခံကိုယ်စားလှယ်များ ၂၄ နာရီအတွင်း ထွက်ခွာရန် အကြောင်းကြား။
-စစ်အစိုးရလက်အောက် အလုပ်လုပ်မလုပ်လိုသည့် ဆရာဝန်များက CDM လှုပ်ရှားမှုကမ်ပိန်းလုပ်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များ ဆန္ဒပြမှုတွင်ပါဝင်သော်လည်း အရေးပေါ်လူနာများအားဆက်လက်ကုသပေးမည်ဟု ရန်ကုန်ဆေးရုံကြီးအ ရေးပေါ်ဌာနဆရာဝန်များကကြေညာ။
-လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့် အမေရိကန်ဒေါ်လာနှင့်ရွှေဈေးများ အတက်ကြမ်း။
-ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၁-၆-၂၀၁၉ ကတည်းက ဖြတ်တောက်ထားသည့် 4G အင်တာနက်ပြန်လည်ရရှိ။
-တပ်မတော်၏ အာဏာသိမ်းမှု မအောင်မြင်ဖြစ်ရေး သေချာစေရန် နိုင်ငံတကာမှ အဓိကအရေးယူ ဆောင်ရွက်မည့်နိုင်ငံများအား စုစည်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြား။
-အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များအား တာဝန်မှ ရပ်စဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် ဒေါ်အေးနုစိန် ၊ Jeng Phang နော်တောင် ၊ ဦးမောင်းဟာ ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့အား ဖြည့်စွက်ဖွဲ့စည်း ။
-အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုဝန်ကြီးများအဖြစ် ဦးတင်ထွဋ် (စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး) ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း(ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး)၊ ဒေါက်တာပွင့်ဆန်း (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)၊ ဦးစောထွန်းအောင်မြင့် (တိုင်းရင်းသားလူများမျိုးများရေး ရာဝန်ကြီး) တို့ကိုခန့်အပ် ။
-တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်း။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်း။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်း ။
၄-၂-၂၀၂၁
-အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ အမည်ပြင်ဆင်သတ်မှတ်ခြင်းအမိန့် ထုတ်ပြန်။ နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖြစ်သတ်မှတ်ပြင်ဆင်။
-အာဏာသိမ်းစစ်ကောင်စီက ဦးမျိုးမောင်နှင့် ဦးကြည်သိန်းတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး(၄) ဦးအား တာဝန်မှရပ်စဲ ။
-အာဏာသိမ်းစစ်ကောင်စီက PPP ပါတီခေါင်းဆာင် ဒေါက်တာ သက်သက်ခိုင်အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အဖြစ်ခန့်အပ်။ ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေအား ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ ခန့်အပ်။ ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းဝင်းကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးများအဖြစ်ခန့်အပ်။
-နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိသော အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၇၀ ခန့်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ ကတိသစ္စာပြု။ နေပြည်တော်စည်ပင်ဝင်း အတွင်းမှာပင် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုလွှာများ၌ လက်မှတ်ရေးထိုးကာ တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ။
-မိုးညှင်းတွင် ခရိုင်နှင့်မြို့နယ် NLD ရုံးများကို စစ်အစိုးရက ချိပ်ပိတ် ။ - ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများက CDM တွင်ပါဝင်
-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ် တော်၌ မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌ များ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ။
-ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် အ ရေးပေါ်အကူအညီ ပေးရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံသို့ အာဏာမသိမ်းခင်ရက်ပိုင်းက အမေရိကန် ဒေါ်လာ သန်း ၃၅၀ အကူအညီ ပေးခဲ့သည်။ တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး ယင်းရန်ပုံငွေများအား IMF က ပြန်ရုပ်သိမ်း၍ ရယူရန် မဖြစ်တော့ဖွယ်ရှိကြောင်းရိုက်တာသတင်းတွင်ဖော်ပြ ။
-တပ်မတော်က ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ဝန်ကြီးဌာနတွင် ပါဝင် သည့် ကရင်ပြည်သူ့ပါတီ(KPP) ခေါင်းဆောင်များအား ကန့်ကွက်ရှုတ်ချကြောင်း ကရင်လူငယ်များ ကဖေဖော်ဝါရီ ၄ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
၅-၂-၂၀၂၁
-အာဏာသိမ်းစစ်ကောင်စီက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သော (၃)ဦးပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း ။
-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်ရဲစခန်းတွင် ဖမ်းဆီး။
-စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာဘီယာ အကျိုးတူပူးပေါင်းထုတ်လုပ်သည့် ဂျပန် Kirin အုပ်စုက စီးပွားရေးပူးပေါင်းဆက်ဆံမှုအားလုံးကို ရပ်ဆိုင်း။
၆-၂-၂၀၂၁
-အာဏာသိမ်းပြီး (၆) ရက်မြောက်နေ့တွင် ရန်ကုန်ပြည်သူများ လှိုင်မြို့နယ်စိန်ဂေဟာရှေ့မှ လှည်းတန်းအထိ လမ်းလျှောက်ဆန္ဒပြ။ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုမဖြစ်ခဲ့။ မန္တလေးတွင်လည်း မြို့ခံများ ဆန္ဒပြ။
-CDM လှုပ်ရှားမှုကို ကူညီကြရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တိုက်တွန်း။
အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း KNPP ထုတ်ပြန်။
၇-၂-၂၀၂၁
-သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာစွာဖြင့်နေအိမ်အသီးသီး တွင်ရှိနေကြောင်း ဒီချုပ်အသိပေး ။ ဒေါက်တာဇော်မြင့်မောင်ကို ပြန်လည်ဖမ်းဆီး ။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ရာထူးမှ နုတ်ထွက်။
-ရန်ကုန်ဒုတိယမြောက်နေ့ဆန္ဒပြပွဲတွင် အင်အားသောင်းချီပါဝင်။ မန္တလေးဆန္ဒပြပွဲတွင် လည်း ပြည်သူ အင်အားသောင်းချီပါဝင်။ နေပြည်တော်တွင် အင်အားထောင်ချီဆန္ဒပြ ။
-ဆန္ဒပြသူများအား တပ်မတော်နှင့်ရဲတပ်ဖွဲတို့ တုံ့ပြန်အရေးယူခြင်းမပြုရန် ကုလလူ့အခွင့်အရေး ကောင်စီကတိုက်တွန်း ။
-အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာကို ဒီချုပ်တိုက် တွန်း။
-သြစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ် ဖမ်းဆီးခံထားရ။
-ရွေးကောက်ခံဒီချုပ်ကိုယ်စားလှယ်များစုပေါင်း၍ တတိယအကြိမ် စစ်ကိုင်းတိုင်းလွှတ်တော် ခေါ်ယူ။
-အာဏာသိမ်းအစိုးရဖွဲ့စည်းသော နအစတွင် ANP ပါတီမှပါဝင်နေခြင်းကို ပြန်လည်သုံးသပ်ရန် ယင်း ယင်းပါတီအား ရခိုင်အရပ်ဘက်အဖွဲ့အစည်း (၄၇)ခုက ကြေညာချက်ထုတ်။ နအစကောင်စီတွင် ပါဝင်ရန် မွန်ညီညွတ်ရေးပါတီ သဘောတူ ။
-ထားဝယ်၊ မြိတ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖားကန့်၊ မော်လမြိုင်၊ မာန်အောင်၊ တောင်ကြီးနှင့် မြို့အများအပြားတွင် ဆန္ဒပြ။
-ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် အင်တာနက်ပြတ်တောက်မှုကြောင့် အွန်လိုင်းကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းအားလုံးရပ်ဆိုင်း။
-အာဏာသိမ်းစစ်ကောင်စီက ဦးမောင်မောင်အုန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ်ခန့်အပ်။ ဒုတိယဝန်ကြီးများ (၆) ဦးခန့်အပ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး(၃) ဦးခန့်အပ်။ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်(၃)ဦး။ တိုင်းဒေသကြီး သို့မဟုတ် တရားလွှတ်တော်တရားသူကြီး (၄)ဦး ခန့်အပ်။ ဦးကျော်ဆန်းအား မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် အဖြစ်လည်းကောင်း၊ ဦးမောင်မောင် အား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်။
၈-၂-၂၀၂၁
-နိုင်ငံတစ်ဝန်း မြို့ပေါင်း ၁၂၀ ကျော် စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ ။ ရန်ကုန်ဆန္ဒပြပွဲ တတိယနေ့ ပြည်သူသိန်းချီပါဝင် ။ တောင်ကြီးတွင် လူတစ်သိန်းကျော်ဆန္ဒပြ။ ဧရာဝတီတိုင်းတွင် ဝန်ထမ်းများအပါအဝင် မြို့နယ် ၂၀ ကျော်မှ လူတစ်သန်းကျော်ဆန္ဒပြ ။
-ဆန္ဒပြပွဲများ အကြမ်းမဖက်လှုပ်ရှားမှုဖြစ်ရန် အရေးကြီးကြောင်း မင်းကိုနိုင် သတိပေး။
-နေပြည်တော်ရှိ ဝန်ထမ်းအများစု တနင်္လာနေ့ရုံးမတက်ဘဲ CMD လှုပ်ရှားမှု၌ ပါဝင်။
-ဆန္ဒပြပွဲ ပုံဖျက်ခံရနိုင်ဟု NLD သတိပေး။ ဆေးတက္ကသိုလ် ပါမောက္ခချုပ်များပါဝင်လာ။
-နေပြည်တော်ဆန္ဒပြပွဲတွင် ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့ ။
-ဘဏ်လုပ်ငန်းများအပါအဝင် ပြည်တွင်းစီးပွားရေးလုပ်ငန်းအချို့ရပ်နား ။
-ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ပြန်လည်ဖမ်းဆီးခံရ ။
-တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ လူ ၅ ဦးသို့မဟုတ် ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရ အမိန့် ထုတ်ပြန်။
- အာဏာသိမ်းစစ်ကောင်စီက ဦးအောင်သန်းဦးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် ။ ဥက္ကဋ္ဌအဖြစ် ဦးသန်းကျော် ပါဝင်သည့် အဖွဲ့ဝင် (၉)ဦးပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များခန့်အပ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်(၅)ဦးခန့်အပ်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများခန့်အပ်။
၉-၂-၂၁
-နိုင်ငံတဝန်း ဒေသအနှံ့တွင် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်။ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း ဆန္ဒပြသူအချို့ ဖမ်းဆီးခံရပြီး အချို့ဒဏ်ရာရရှိ။
-နေပြည်တော် ဆန္ဒပြပွဲမှုတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိပ်နင်းသည့်ဖြစ်စဉ်တွင် အသက်(၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် သည် ဦးခေါင်း သေနတ်ကျည်ဆန်ထိမှန်ပြီး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၌ အသက်လုနေရသည့် အခြေအနေတွင်ရှိ ။
-နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများကို ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင် ရုပ်သံမှ ပထမဆုံးအကြိမ် မိန်ခွန်းပြော ။
-မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းအမေရိကန် ထုတ်ပြန်ကြေညာ ။
-ယနေ့ည ၉ နာရီကျော်တွင် တပ်မတော်နှင့် ရဲယူနီဖောင်း၊ အရပ်ဝတ် ဝတ်ဆင်ထားသူ (၁၅)ဦးခန့် NLD ရုံးချုပ်တံခါးများကို ဖျက်ဆီးကာ ဝင်ရောက်ရှာဖွေ။ ရုံးချုပ်ရှိစာရွက်စာတမ်းများ ၊ အင်တာနက် သုံးစွဲသည့်ပစ္စည်းများ၊ စောင့်ကြည့်ကင်မရာထိန်းသိမ်းစက်များ၊ မီးခံသေတ္တာအတွင်းရှိ ပစ္စည်းများ ပျောက်ဆုံးခဲ့ပြီး ဆက်သွယ်ရေးကိရိယာနှင့် ဝိုင်ယာကြိုးများလည်း ဖြတ်တောက်ခံရ။
-တပ်မတော်က အာဏာရယူခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး၏စည်းမျဉ်းများ၊ နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ ကြေညာ။
-အကြမ်းဖက်မှုကို ရပ်တန့်ရန် တပ်မတော်အား သတိပေးပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးကြရန် UN အထူးကိုယ်စားလှယ် တိုက်တွန်း ။
-စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (၂)ဦး ထပ်မံခန့်အပ် ။
-ရွေးကောက်ခံပြည်သူ့ အစိုးရကို တပ်မတော်က အာဏာသိမ်းပြီးနောက် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အထူးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဟု ကုလသမဂ္ဂက ထုတ်ပြန်။
၁၀-၂-၂၀၂၁
-ဝန်ကြီးချုပ်များ အပါအဝင် နေအိမ်အကျယ်ချုပ်ချထားသည့် NLD ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်း ထွန်းဟိန်၊ ဒေါက်တာမျိုးအောင်နှင့် ဝန်ကြီးဦးကျော်တင့်ဆွေတို့ကို တပ်မတော်က ထပ်မံဖမ်းဆီး။
-NLD ပါတီရုံးချုပ်စီးနင်းခံရမှုကိစ္စ ဗဟန်းရဲစခန်းတွင် အမှုဖွင့်။
-ကယားပြည်နယ်ရဲတပ်ဖွဲ့ဝင် ၄၉ ဦး ဆန္ဒပြပြည်သူများနှင့် ပူးပေါင်း။ ရန်ကုန်နှင့်မန္တလေးမှ ဗဟိုဘဏ်ဝန်ထမ်း ၁၀၀ ကျော် CDM တွင် ပါဝင်လာ။
-မြန်မာ့တပ်မတော်နှင့် စာချုပ်တစ်ခုကို ဟောင်ကောင်ကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီး အခြားကုမ္ပဏီများလည်း ယင်းသို့လုပ်ဆောင်ရန် JFM တိုက်တွန်း။
-မြန်မာအာဏာသိမ်း စစ်ကောင်စီထံမှ အကူအညီတောင်းခံသည့် စာတစ်စောင် လက်ခံရရှိထားကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ပြောကြား။
-နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်လာ။
-ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် ဒေါက်တာခင်နိုင်ဦးနှင့် ဦးအောင်ကျော်သန်းအား ခန့်အပ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်း။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်း။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း။ မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။
၁၁-၂-၂၀၂၁
-မေးမြန်းရန်ရှိသည်ဟုဆိုကာ ဒေသအသီးသီးရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို တပ်မတော်က ခေါ်ဆောင်ထိန်းသိမ်း။
-တပ်မတော်ခေါင်းဆောင်များကို ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့နိုင်မည့် အမိန့်တစ်ရပ်ကို ခွင့်ပြုလိုက် ကြောင်း အမေရိကန်သမ္မတ ကြေညာ။
-ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ တွေ့ခွင့်မရသေးဟု ဒီချုပ်ဝါရင့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ပြော။
-CMD လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းများကို လိုက်လံဖမ်းဆီးနေ ။
-နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန်သည့် မမြသွဲ့သွဲ့ခိုင်အား ခွဲစိတ်ကုသရန် Medical Team ဖွဲ့၍ ဆုံးဖြတ်မည်။
-အကြမ်းဖက်ဖြိုခွင်းခဲ့သော နေပြည်တော်သပြေကုန်းဝိုင်းအနီးသို့ ဝန်ကြီးဌာန ပေါင်းစုံ ဝန်ထမ်းများက သပိတ်စစ်ကြောင်းများဖြင့် ဆက်လက်ဆန္ဒပြ။
-ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းသည်လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရန် စတင်ကြိုးပမ်းမှုအဖြစ်မှတ်ယူကြောင်း အရပ်ကဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ပူးတွဲကြေညာ။
-ရခိုင်ပြည်နယ်တွင် မြို့နယ်ရွေးကော်ဥက္ကဋ္ဌများ ဖမ်းဆီးခံရ။
-မသမာသူအချို့ သွေးထိုးမှုကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းတာဝန်ပျက်ကွက်နေဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ပြောကြား။
-ဦးကျော်မျိုးထွဋ်အား အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ခန့်အပ်။ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ခန့်အပ်။
-အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် ပြန်လည်စိစစ်ခြင်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်။
-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ၁၀ ယောက်နှင့် စီးပွားရေးလုပ်ငန်း ၃ ခုကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူ။
-တပ်မတော်က ထိန်းချုပ်ထားသည့် ထပ်တိုး Page များသည် သတင်းမှားပေးမှုကို တားမြစ်ထား သော မိမိတို့၏ မူဝါဒများအား ထပ်တလဲလဲ ချိုးဖောက်နေခြင်းကြောင့် ထို Page များကိုလည်း ကန့် သတ်မှုစီမံချက်များ ချမှတ်လုပ်ဆောင်သွားမည်ဟု Facebook က ထုတ်ပြန် ။
၁၂-၂-၂၀၂၁
-တပ်မတော်ခေါင်းဆောင်များ၊ ဆက်နွှယ်သူများနှင့် ကုမ္ပဏီများကို အမေရိကန်သမ္မတအမိန့်ဖြင့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု စတင်။
-မော်လမြိုင်တွင် ဆန္ဒပြကျောင်းသားအချို့အပါအဝင် (၉) ဦးအား ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေး။
-မြန်မာပြည်သူများ၏အခွင့်အရေးများကို ကမ္ဘာကြီးက စောင့်ကြည့်နေပြီး ထောက်ခံကူညီပေးသွား မည်ဟု ကုလသမဂ္ဂပြော။
-နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန်သည့် မမြသွဲ့သွဲ့ခိုင် ဦးနှောက်သေဆုံးသွား၍ ဆေး ပညာအရ ကွယ်လွန်သွားပြီဟု ဆရာဝန်များ အတည်ပြု။
-အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအတွက် USAID ကဒေါ်လာ ၄၂ သန်းကူညီမည်။
-နအစက အာဏာသိမ်းပြီး ၁၂ ရက်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ထုတ်ပြန်၍ အကျဉ်း သား ၂၃၃၁၄ ဦးကို လွှတ်ပေး။ ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်။
-တပ်ထောက်ခံပွဲတွင် ပါလာသူများရန်ပြု၍ မိထ္ထိလာမြို့ခံအချို့ ဒဏ်ရာရ၊ နေအိမ်နှင့်ဈေးဆိုင်အချို့ ဖျက်ဆီးခံရ ။
-နေပြည်တော်ဝန်ထမ်းများ CDM လှုပ်ရှားမှု ဆက်လုပ်။
-ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို တာဝန်မှရပ်စဲကြောင်း တိုင်းနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများကကြေညာ။
-ဆိုက်ဘာလုံခြုံရေးဥပဒေကို ဆောလျင်စွာပြဋ္ဌာန်းမည်ဆိုပါက ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာ နိုင်ငံကွန်ပြူတာအသင်းချုပ်နှင့် ကွန်ပြူတာအသင်းများ ထုတ်ပြန် ။
-ရန်ကုန်ဆန္ဒပြပွဲ ၇ ရက်မြောက်နေ့တွင် လူအင်အား သိန်းနှင့်ချီဆန္ဒပြ။ ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်းစုံမှ ဆရာဆရာမနှင့်ဝန်ထမ်းတစ်ထောင်ကျော်ဆန္ဒပြ။
-ဝန်ကြီးဌာန ၁၅ ခု၏ ဝန်ထမ်းများအပါအဝင် ပြည်သူဝန်ထမ်း တစ်သိန်းကျော် CDM လှုပ်ရှားမှုတွင်ပါဝင်။
-တက္ကသိုလ်ကျောင်းသားသမဂ္ဂ (၁၈)ခု စုပေါင်း၍ တရုတ်သမ္မတထံ အိတ်ဖွင့်စာပို့။
-ဦးမင်းထိန် အားဆောက်လုပ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်။ ဗိုလ်မှူးကြီးမင်းနောင် အား နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်။ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များခန့်အပ် ။
၁၃-၂-၂၀၂၁
-စစ်တပ်အာဏာသိမ်းမှုသည် ဥပဒေနှင့် ဆန့်ကျင်ပြီး တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု မည်မဟုတ်ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူး ပြောကြား။
-စစ်အာဏာရှင်ဝါဒချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားအင်အားစုများနှင့် လက်တွဲကြိုးပမ်းမည်ဟု ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၀၀) ကျော် အားကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကကြေညာချက်ထုတ်ပြန်။
-တပ်မတော်၏အာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၇၀ ကျော်ရှိလာ။
-အာဏာသိမ်းအစိုးရဟုမရေးရန် သတင်းမီဒီယာများကို ပြန်ကြားရေးက ဖိအားပေး။
-လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသားများနှင့် ကလေးငယ်အချို့ကို ရန်ကုန်အပါအဝင် မြို့နယ်(၇) ခုတွင် မသင်္ကာဖွယ်တွေ့ရှိ၍ ရပ်ကွက်နေပြည်သူများက ဖမ်းဆီး။
-ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုရန်ကြိုးပမ်းမှု တရားမဝင်ကြောင်း ဒီချုပ်ထုတ်ပြန် ။
-ကိုမင်းကိုနိုင်အပါအဝင် ထင်ရှားသူ (၇)ဦးကို တရားစွဲဆိုထားပြီးဖြစ်၍ သတင်းပေးတိုင်ကြားရန် အာဏာသိမ်းစစ်ကောင်စီထုတ်ပြန်
-အိန္ဒိယကုမ္ပဏီ Adani က စီးပွားရေးဦးပိုင်နှင့် ဆောင်ရွက်နေသည့် ဒေါ်လာ သန်း ၃၀၀ တန် စီမံ ကိန်းအနာဂတ်ကို ဆုံးဖြတ်ရန် အခြေအနေစောင့်ကြည့်နေဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူကပြော။
-ဧည့်စာရင်းစစ်ရန် ၊ ဧည့်စာရင်းတိုင်ကြားရန် ပြဋ္ဌာန်းချက်များ ပါဝင်သည့် ရပ်ကွက် သို့မဟုတ် ကျေး ရွာ အုပ်ချုပ်ရေးဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း။
-နိုင်ငံသားများ၏အခွင့်အရေးအချို့ကို ပြန်လည်ရုပ်သိမ်းသည့် ပြဋ္ဌာန်းချက်များပါဝင်သော နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင် သည့်ဥပဒေ ပြဋ္ဌာန်း။
-ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများနှင့် အရပ်သားများကို အကြမ်းမဖက်ရန် အမေရိကန် ၊ ဗြိတိန် အပါအဝင် သံအမတ်ကြီး(၁၅)ဦး စုပေါင်းတောင်းဆို။
-မြစ်ကြီးနားဓာတ်အားခွဲရုံမှ တပ်မတော်သားများ ထွက်ခွာရန် တောင်းဆိုသည့် ပြည်သူများအား ဖြိုခွင်းစဉ် သတင်းထောက် ၅ ဦး အပါအဝင်အရပ်သားများ ဖမ်းဆီးခံရ။
-ရန်ကုန်တွင် နှစ်ညအတွင်း မသင်္ကာသူများကို ရပ်ကွက်နေပြည်သူများ ဖမ်းဆီးထိန်းသိမ်းမှု (၁၀)ခု ကျော်ရှိ။
-ထားဝယ်ပြည်သူများ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် (၇) ဦး ပူးပေါင်း။ မန္တလေးပြည်သူများ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် (၄) ဦး ပူးပေါင်း။
-အာဏာသိမ်းမှုဆန့်ကျင်ရေးကို ကူညီမည်ဟု KNU ထုတ်ပြန်။
-ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ အင်တာနက်ပိတ်ပင်ရန် ညွှန်ကြားခဲ့မှုများကို တယ်လီနော ထုတ်ပြန် ။
-အာဏာသိမ်းကောင်စီ၏ ဥပဒေပြင်ဆင်ချက်များကို လိုက်နာရန်မလိုဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကကြေညာ။
-ရာဇသတ်ကြီးဥပဒေကိုပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။ ပြည်နယ်/တိုင်းဒေသကြီး ဥပဒေချုပ်များအား ပြည်နယ်/တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ဖွဲ့စည်း ။
၁၅-၂-၂၀၂၁
-မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) နှင့် (၂)မှ ငွေများကို စစ်တပ်က လာထုတ်ယူသွား။
-မန္တလေးမြန်မာ့စီးပွားရေးဘဏ်(၁)ရှေ့ ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်း၍ ပြည်သူအချို့ဒဏ် ရာရ။
-ရန်ကုန်ရှိ NLD ရုံးချုပ်သို့ ရှာဖွေရန်ဆိုကာ ရောက်လာပြီး ပိတ်ဆို့ထားသော ရဲနှင့်တပ်မတော်သား များကို ပြည်သူများ ဝိုင်းဝန်းကန့်ကွက်ရာ နှစ်နာရီအကြာတွင် ဆုတ်ခွာ။
-ဆန္ဒပြနေစဉ် ဖမ်းဆီးခံခဲ့ရသည့် နေပြည်တော်မှ ကျောင်းသား နှစ်ဆယ်ကျော်ကို ပြန်လွှတ်ပေး ။
-ရန်ကုန်လမ်းမများပေါ်သို့ တင့်ကားများထွက်လာသော်လည်း ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်။
-အာဏာသိမ်းကောင်စီ၏ ဥပဒေပြဋ္ဌာန်းချက်များကို အသိအမှတ်မပြုကြောင်းနှင့် ပြည်သူများအနေ ဖြင့် လိုက်နာရန်မလိုကြောင်း ရှမ်းပြည်နယ်အစိုးရကြေညာ ။
-ဖယ်ခုံမြို့နယ် ထိုင်သပိတ်သို့ ရဲတပ်ဖွဲ့ဝင်(၂) ဦး ပူးပေါင်းလာ။
-ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှ ကန့်ကွက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ကြေညာချက်ထုတ်ပြန် ။
-ပုဂ္ဂလိကဘဏများအားလုံး ဆက်ပိတ်ထား။ တပ်မတော်က နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေထုတ်ယူသွားကြောင်း သတင်းများပျံ့နှံ့ လျက်ရှိ ။
-ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် ။
-တပ်မတော်ကဖမ်းဆီးခဲ့သည့် မြစ်ကြီးနားအခြေစိုက် သတင်းထောက် ၅ ဦးအပါအဝင် ၇ ဦးကို ပြန် လွှတ်ပေး ။
-အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း ။
-မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒေါက်တာစန်းလှိုင်အစား ဦးအောင်ချိန်အား အစားထိုးခန့်အပ် ။
၁၆-၂-၂၀၂၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့် ရုံးထုတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် နောက်ထပ် အမှုတစ်ခု ထပ်တိုးလိုက်သည်။
သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အပြင် သဘာဝဘေးစီမံခန့်ခွဲမှုအက်ဥပဒေ ပုဒ်မ ၂၅ ဖြင့် နောက်ထပ်အမှုတစ်ခုတိုးလိုက်ခြင်းဖြစ်သည်။
-အာဏာသိမ်းနိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို နေပြည်တော်၌ အာဏာသိမ်းအစိုးရ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဦးဆောင် ကျင်းပသတင်းမီဒီယာအများစုက မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။
-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံရသူ အားလုံးကို ချက်ချင်းလွှတ်ပေးရန် မြန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပြော။
-ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်မျှော်လင့်ဟု စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးပြောကြား ။
-မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီစီမံကိန်းကို ခေတ္တဆိုင်းငံ့ကြောင်း ဥရောပသမဂ္ဂ ကြေညာ ။
-ဆိုက်ဘာလုံခြုံရေးဥပဒေကို အဆိုပြထားသည့်အတိုင်း မပြဋ္ဌာန်းသင့် ၊ စိုးရိမ်မှုများအား မဖြေရှင်းဘဲ ဥပဒေပြဋ္ဌာန်းမည်ဆိုလျှင် အခိုင်အမာကန့်ကွက်သည်ဟု တယ်လီနော ထုတ်ပြန် ။
-ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းသည် နိုင်ငံတကာစံနှုန်းများ ၊ အခြေခံမူဘောင်များနှင့် မကိုက်ညီ၍ စိုး ရိမ်ပူပန်ကြောင်း နိုင်ငံခြားစီးပွားအဖွဲ့အစည်း (၉) ခု ထုတ်ပြန် ။
-ဗဟိုဘဏ်က ကျပ်ဘီလီယံ ၂၀၀ တန် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာ ။
-ငွေထုတ်ယူသူများသဖြင့် မြဝတီဘဏ်ခွဲအချို့တွင် တစ်ရက်လျှင် လူ ၂၀၀ ခန့်နှင့် တစ်ဦးလျှင် ကျပ် သိန်း ၅၀ သာထုတ်ပေးဟုဆို ။
-အာဏာသိမ်းမှုဆန့်ကျင်သော ဆန္ဒပြပွဲများတွင် ရွှေဝါရောင်ဆရာတော်များ ပါဝင်လာ ။
-ဖမ်းဆီးခံရသောကျောင်းဆရာကို ပြန်လွှတ်ပေးရန် မြောင်းမြထောင်ရှေ့ဆန္ဒပြ တောင်းဆိုသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်လူစုခွဲရာ ပြည်သူအချို့ဒဏ်ရာရ။
-မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အစုန်ရထားကို ပြည်သူများ ပိတ်ဆို့ဆန္ဒပြသဖြင့် လှည့် ပြန်။
-ဒေါက်တာညွန့်ဖေအား ပညာရေးဝန်ကြီးအဖြစ်ခန့်အပ်။ ဦးဝင်းရှိန် နှင့် ဦးဌေးလှိုင်အား အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီးများအဖြစ် ခန့်အပ် ။ ချင်းပြည်နယ်ကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်ခန့်အပ် ။
-ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ၁၅ ဦးကို သက်ဆိုင်ရာ မြို့နယ် တရားရုံးများ ၌နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ( ခ )ဖြင့် အမှုဖွင့် ။
၁၇-၂-၂၀၂၁
-ရန်ကုန်လမ်းမများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး “ကားပျက်ရပ်” ကမ်ပိန်းပြုလုပ်၊ ကားပျက်ကမ်ပိန်းကြောင့် ရန်ကုန်မှာ လမ်းပမ်းဆက်သွယ်ရေး ပျက်စီးသွားပြီး မူဆယ်တွင် ယာဉ်အစီးရေ ရာချီပျက်နေသဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်း ။
-စစ်အာဏာသိမ်းမှု ၁၇ ရက်မြောက်နေ့အဖြစ် “သန်းချီစုဝေး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး” လူထု လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်။
နာမည်ကြီး အနုပညာရှင် အကယ်ဒမီ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီးနဲ့ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့ကို အာဏာသိမ်းစစ်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတစ်ခုထပ်တိုးကာ တရားစွဲအပြီးတွင် နိုင်ငံတစ်ဝန်း သန်းနှင့်ချီသည့် ပြည်သူလူထု လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်။
-ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တရားစွဲထားမှုအပေါ် ပြစ်တင် ရှုတ်ချလိုက်ပြီး ယင်းလုပ်ဆောင်မှုတွင်တာဝန်ရှိသူများကို အရေးယူမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန် ကြီးဌာနကထုတ်ပြန်ကြေညာ။
-မြန်မာနိုင်ငံအခြေအနေအတွက် အဖြေရှာဖွေရန် အာဆီယံကို အင်ဒိုနီးရှားတိုက်တွန်း ။
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြင့် တရားစွဲ။
-မန္တလေးတိုင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲရုံး ထုတ်ပြီး အကျဉ်းထောင်သို့ပို့ ။
-မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ၁၅ ဦးနုတ်ထွက်။
-CDM လှုပ်ရှားမှုတွင် ပါဝင်ဆန္ဒပြသည့် သမဝါယမဝန်ထမ်း (၈)ဦးဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့်တရားစွဲခံရ။
-ယနေ့ညပိုင်းတွင် မန္တလေးဘူတာကြီးမှ သာစည်သို့ ရထားတစ်စီးထွက်မည့်သတင်းကြောင့် ရထား ဝန်ထမ်းနှင့်ပြည်သူများ စုဝေးတားဆီးရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်မှု ဖြစ်ပွား ။
-မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တပ်မတော် ဝက်ဆိုက် တိုက်ခိုက်ခံရ ။
-ပင်လယ်စာလုပ်ငန်းအတွက် ရန်ကုန်-ကူမင်း လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းဖြစ်သည်ဟု MAI ရှင်းလင်း ။
-စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို တစ်ဦးတစ်ဖွဲ့ ကြိုးကိုင်ချယ်လှယ်နေခြင်း မဟုတ်ဘဲ ပြည်သူများကိုယ်တိုင်က အသိစိတ်ဖြင့် ဆင်နွဲှနေခြင်းမှာ ထင်ရှားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင် ပြောကြား ။
-တပ်မတော်က အာဏာရယူပြီးသည်နှင့်တစ်ပြိုင်နက် တစ်နိုင်လုံး၌ အခက်အခဲများစွာ ရင်ဆိုင်နေရ ဟု ကချင်လက်နက်ကိုင်အဖွဲ့(KIO) ထုတ်ပြန် ။
-ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မြို့ပေါင်း ၁၈၃ မြို့၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြများဖြစ်ပွား။ CNN က မြန်မာနိုင်ငံ၏ ဆန္ဒပြပွဲများကို ဂြိုလ်တုမှ မှတ်တမ်းတင်ထားသော ဓာတ်ပုံများဖြင့် ကမ္ဘာကို ပြသ ။
-စစ်အာဏာသိမ်းကောင်စီမှ ရောင်းချသည့် ငွေတိုက်စာချုပ်များ တရားမဝင်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန် ။
၁၈-၂-၂၀၂၁
-အာဏာသိမ်း စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် EU ကလုပ်ဆောင်နေ။
-လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်မှု မလုပ်သင့်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော။
-ဗြိတိန်နိုင်ငံက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ဦးကို ဒဏ်ခတ်အရေးယူ။
-ကနေဒါနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်း စစ်ခေါင်းဆောင် ၉ ယောက်ကို ဒဏ်ခတ်အရေးယူ။
-စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် သိန်းနှင့်ချီသောပြည်သူများ ရန်ကုန်မြိုကလမ်းမများပေါ် တွင်ဆန္ဒပြ။
-မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲ။
-ရွေး/ကော်တာဝန်ရှိသူများကို မည်သည့်စစ်ဆေးမှုမှ မလုပ်ဘဲ တစ်ပတ်ကြာသည်အထိ ဆက်လက် ထိန်းသိမ်းထား။
-ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးတွင် သင်္ကန်းဝတ်အချို့နှင့် အကြမ်းဖက်လူတစ်စုက အိမ်စီးများကို တုတ်၊ ဓားများဖြင့်ရိုက်ခွဲဖျက်ဆီး။ အနီးရှိ ရေတာရှည်ရပ်ကွက်နေပြည်သူများကို သံတုတ်ဖြင့် ရိုက်နှက်ခြင်း ၊ ဖန်ဂေါ်လီ ၊ ခဲလုံးများအသုံးပြုက လေးဂွဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူ(၄)ဦးဒဏ်ရာရ။
-နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းကာ အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီး။
-လွန်ခဲ့သည့် လေးရက်က နေပြည်တော်တွင်ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်ပြည်သူ ၂၅ ဦး ပြန်လွတ်လာ။
-သယံဇာတတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီများ အခွန်မဆောင်ရန်နှင့် လုပ်ငန်းများ ရပ်တန့်ထားရန် MATA အဖွဲ့တိုက်တွန်း ။
-မြဝတီဘဏ်များတွင် တစ်ရက်လျှင် လူ အယောက် ၁၀၀ နှင့် တစ်ဦးလျှင် ကျပ် ၁၀ သိန်းသာ ထုတ်ပေးတော့ မည်ဟု ကြေညာ။
-လေလံစနစ်ဖြင့် ကျပ်ဘီလီယံ ၂၀၀ တန် ငွေတိုက်စာချုပ်ရောင်းချရာတွင် ကျပ် ၁ ဒသမ ၇ ဘီလီယံ ဖိုးသာ ရောင်းချနိုင်ကြောင်း ငွေတိုက်ဦးစီးဌာနက ထုတ်ပြန် ။
-ဦးကျော်ဝင်းနှင့် ဒေါက်တာလင်းအောင်ကို ဗဟိုဘဏ်အဖွဲ့ဝင်များအဖြစ်ခန့်အပ် ။
-နိုင်ငံ့ဝန်ထမ်းများ ၊ အငြိမ်းစားဝန်ထမ်းများအား လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေး မည်ဖြစ်ကြောင်း ပြည်သူအား အသိပေးချက် ထုတ်ပြန် ။
-ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၇ ရက်ထိ စုစုပေါင်း ဖမ်းဆီး ၊ တရားစွဲ ၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ အယောက် ၅၀၀ နီးပါးအထိရှိလာ။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ၃ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံထားရသူ ၃၂ ဦး၊ အမှုဖွင့်ခြင်းခံထားရသူ ၃ ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ ၃၅ ဦးရှိဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ။
-ဒုဗိုလ်ချုပ်ကြီးသန်းထွန်းဦး အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သော အဖွဲ့ဝင်(၇)ဦးကို အာဏာသိမ်းစစ် ကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဖြစ်ဖွဲ့စည်း ။ အဖွဲ့ဝင်များတွင် ဦးနေဝင်းချွေးမ ဒေါက်တာရင်ရင် နွယ်နှင့် ဦးသိန်းစိန်လက်ထက် အကြံပေး ဒေါက်တာဆလိုင်းငွန်ကျုံးလျံလည်းပါဝင်။
၁၉-၂-၂၀၂၁
မြန်မာ့ဒီမိုကရေစီကို အင်အားသုံးပြောင်းလဲမှု မှန်သမျှ ပြင်းပြင်းထန်ထန်ဆန့်ကျင်ရန် အမေရိကန် ၊ ဂျပန် ၊ အိန္ဒိယနှင့် သြစတြေလျတို့ကြား သဘောတူ ။
-ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်တွင် ဦးခေါင်းကို သေနတ်ကျည် ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် ကွယ်လွန်။
-ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်၍ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း လတ်တလောဖမ်းဆီးခံထားရ သူပေါင်းမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ၅၁၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ။
-မြစ်ကြီးနားတွင် ဖမ်းဆီးခံထားရသည့် ဆရာမ နှစ်ဦးအပါအဝင် ၁၃ ဦးကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)၏ ညှိနှိုင်းမှုအရ ပြန်လွှတ်ပေး။
-စက်သုံးဆီတင်သွင်းမှု ရပ်တန့်သွားခြင်းကြောင့် နှစ်လအတွင်း ပြတ်လပ်သွားနိုင်ဟု ရိုက်တာ သတင်းတွင် ဖော်ပြ ။
-ဒေါ်လာသန်း ၂၃၀ တန် လှည်းကူးစက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်မည့် စင်ကာပူကုမ္ပဏီ Sembcorb က မြန်မာနိုင်ငံအခြေအနေ စောင့်ကြည့်နေကြောင်း ထုတ်ပြန် ။
-တပ်မတော်ပိုင် ထုတ်ကုန်များ ဝယ်မသုံးရန် စီပွားရေးတက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော် ။
-NCA အကောင်အထည်ဖော်မှု ဆိုင်းငံ့ထားရန် သင့် မသင့် အပစ်ရပ် ၁၀ ဖွဲ့ ဆွေးနွေးမှုအဖြေမထွက် သေး။
-၁၄ ရက်မြောက် ရန်ကုန်ဆန္ဒပြပွဲ ပြည်သူသိန်းချီ ဆန္ဒထုတ်ဖော်။ ၁၄ ရက်မြောက် မန္တလေးဆန္ဒပြပွဲ လူအင်အားသိန်းချီ ဆန္ဒထုတ်ဖော်။ မန္တလေးဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင်(၉) ဦး ဆန္ဒထုတ်ဖော်။
-နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄-က ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲထားခံသည့် NLD သဘာပတိ ဦးဝင်းထိန် ကသူ့ကို ချက်ချင်း အမိန့်ချပေးရန် တောင်းဆို။
-နေပြည်တော် ၊ သပြေကုန်းဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူများအနက် (၄၀) ကျော် ပြန်လွတ်လာ။
-တက္ကသိုလ် ၄၀ ခု CDM တက္ကသိုလ်အဖြစ် ကြေညာထား။
- အာဏာသိမ်းစစ်ကောင်စီက ဦးအောင်ကျော်ထွန်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ် ။
၂၀-၂-၂၀၂၁
-မန္တလေးမြို့ ၊ ရတနာပုံသင်္ဘောကျင်းအနီး ကန့်ကွက်ဆန္ဒပြသည့် ပြည်သူများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွဲရာ သေနတ်ကျည်မှန်၍ ၂ ဦး သေဆုံး ။ ပြည်သူ အနည်းဆုံး ၄၅ ဦးကျော်ဒဏ် ရာရ ၊၂၀ ကျော် ဖမ်းဆီးခံရ ။
-ရွှေပြည်သာမြို့နယ် တ(၁၅) ရပ်ကွက်တွင် ညပိုင်းလုံခြုံရေးကင်းစောင့်နေသူတစ်ဦး ည ၁၁ နာရီခွဲခန့်တွင် ပစ်သတ်ခံရ။ ကားပေါ်တွင်လိုက်လာသည့် ရဲတပ်သားက သေနတ်ဖွင့် သုံးချက် ပစ်သွားကြောင်း သေခံများကပြော ။
-အရေးပေါ်အခြေအနေကြေညာထားမှုအား ချက်ချင်းပြန်ရုပ်သိမ်းရန် တပ်မတော်ခေါင်းဆောင်များကို အမေရိကန် ၊ပြင်သစ် ၊ ဂျာမနီ နှင့် ဗြိတိန်တောင်းဆို ။
-ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို အာဏာပြန်ပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးပြော ။
-ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကို အမြန်ဆုံးအကောင်အထည်ဖော် ပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ တိုက်တွန်း။
-ပြည်သူများအပေါ် အကြမ်းဖက်ခြင်း ရပ်တန့်ရမည်ဟု အမေရိကန်နှင့် ဗြိတိန် သံရုံးထုတ်ပြန်။ EU အကြီးအကဲကလည်း လူသေဆုံးသည်အထိ အကြမ်းဖက်ခြင်းအပေါ် ရှုတ်ချ။
-အာဏာသိမ်းစစ်ကောင်စီ၏ တရားဝင်မှုကို အသိအမှတ်မပြု၍ နိုင်ငံရေးအရဆွေးနွေးမှုများ ရက်ဆိုင်းရန် အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဆုံးဖြတ် ။
-ကဏ္ဍပေါင်းစုံအဖွဲ့အစည်း ၂၀ ကျော်ပါဝင်သည့် အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ် ကော်မတီတစ်ရပ်ဖွဲ့စည်း။
-၁၅ ရက်မြောက် ရန်ကုန်ဆန္ဒပြပွဲ ပြည်သူသိန်းချီ ဆက်လက်ဆန္ဒထုတ်ဖော်။
-နှစ်ရက်ဆက်ဖြိုခွင်းခံရသော်လည်း မြစ်ကြီးနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆက်လုပ်။
-မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့အား ပြန်လွှတ်ပေးရေး ဒေသခံပြည်သူတို့တောင်းဆို ။
-ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်၍ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း လတ်တလောဖမ်းဆီးခံထားရ သူပေါင်းမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ၅၆၉ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်။
-မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် စောင့်ကြည့်နေပြီး မရှိမဖြစ်သော ဝန်ဆောင်မှုလုပ်ငန်းများ သာဆောင်ရွက်နေကြောင်း နိုင်ငံခြားကုမ္ပဏီ ၁၂ ခုထုတ်ပြန်။
-ပြင်သစ်နှင့်သြစတြေးလျ ရေနံကုမ္ပဏီတို့က မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ထုတ်ပြန်။
-တရုတ်ရင်းနှီးမြှုပ်နှံမှု အလိုမရှိကြောင်း တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော် ။
-အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့အား အာဏာသိမ်း စစ်ကောင်စီက တာဝန်မှရပ်စဲ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးအားခန့်အပ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ် ။
၂၁-၂-၂၀၂၁
-လူသေစေသည်အထိ အကြမ်းဖက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှုတ်ချ ။
-သေနတ်များဖြင့် အင်အားသုံးဖြိုခွင်းခြင်းကို သည်းခံမည်မဟုတ် ဟု ဂျပန်အစိုးရထုတ်ပြန် ။
-လက်နက်မပါသော ဆန္ဒပြသူများကို သေစေလောက်သည့်အင်အားအသုံးပြုမှု ဆင်ခြေပေး၍မရဟု စင်ကာပူပြော။
-အကြမ်းဖက် ဖြိုခွင်းခြင်းခံရသော်လည်း ရန်ကုန် ၊မန္တလေး၊ နေပြည်တော် ၊ တောင်ကြီး ၊ထားဝယ် မြစ်ကြီးနားနှင့် ဒေသအသီးသီးတွင် ဆန္ဒပြပွဲများ အရှိန်မြှင့် ။
-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဖေ့စ်ဘွတ်ကွန်ရက်ပေါ်မှ ဖယ်ရှား ။
-ပုဒ်မ ၅၀၅ -က ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်လူမင်း ဖမ်းဆီးခံရ ။
-မကွေးတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ဖမ်းဆီးခံရ ။
-နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ကိုယ်စားပြုအစိုးရ ဖြစ်ပေါ်လာသည်အထိ ကူညီတွန်း အားပေးရန် MATA အဖွဲ့တောင်းဆို ။
-နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ ဈာပနအခမ်းအနား သို့ လူဦးရေတစ်သိန်းခန့် လိုက်ပါပို့ဆောင်။
-ရွှေပြည်သာတွင် ကင်းသမားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု အမှုဖွင့်ရန်ခက်ခဲနေဟု မိသားစုဝင် များကပြော။
-တရုတ်အစိုးရအနေဖြင့် မြန်မာလူထုဘက်မှ ရပ်တည်ဖြေရှင်းပေးရန် အပစ်ရပ်ဆယ်ဖွဲ့ တောင်းဆို။
-အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခန့်အပ် ။
-မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအနေဖြင့် ဗီယင်နာကွန်ဗင်းရှင်းနှင့် ပဋိညာဉ်စာတမ်းတို့တွင် ပြဋ္ဌာန်းထားသည့်မူဝါဒများနှင့် စံနှုန်းများကို တိကျစွာလိုက်နာသင့်ကြောင်း နအစ နိုင်ငံခြားရေးဝန်ကြီးဌာန ကထုတ်ပြန် ။
၂၂-၂-၂၀၂၁
-အာဏာရှင်ဆန့်ကျင်ရေး နှစ်ငါးလုံးလူထုလှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ မြို့ နယ်ပေါင်း ၂၄၇ ခု ၊ မြို့ပေါင်း ၃၀၆ မြို့၌ ပြည်သူသန်း (၂၀) ခန့်ပါဝင်ဆန္ဒပြကြောင်း အွန်လိုင်းမှ ပြုလုပ်သည့် လူထုစစ်တမ်းတစ်ခုက ဖော်ပြ။ ရန်ကုန်မြို့တစ်ခုတည်းတွင် ပြည်သူ ၃ သန်းခန့် ပါဝင်ဆန္ဒပြ။
-ခေတ်မီတိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေစရာမရှိဟု ကုလအတွင်းရေးမှူးချုပ် ပြော။
-ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာရဲလွင် ကို Video Conferencing ဖြင့် ရုံးထုတ်။
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို Video Conferencing ဖြင့် ရုံးထုတ်။
-နေပြည်တော်တွင် နှစ်ငါးလုံးအထွေထွေ အထွေထွေသပိတ်ဆန္ဒပြပွဲတွင် ပြည်သူ ၁၀၀ ကျော်ဖမ်းဆီးခံရ။
-ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေး ၊ ကမ်းနားလမ်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ ၇၀ ကျော်ကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်။
-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် လူသိများ ထင်ရှားသည့် ချင်းတိုင်းရင်းသား ပရဟိတခေါင်းဆောင် ဒေါက်တာဆာဆာ ကို ခန့်အပ် ။
-အမေရိကန်တွင်နေထိုင်သည့် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ဦးထင်လင်းအောင် ကို နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် လွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ် ။
-အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ကို အရေးယူလိုက်တာလို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ကြေညာ။
-အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် ဥရောပသမဂ္ဂက တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူရန် အဆင်သင့်ဟု ထုတ်ပြန် ။
-အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းနှင့် ထိခိုက်မှုဖြစ်ပွားအောင် စုစည်းခြင်း မူဝါဒကို ချိုးဖောက်ခြင်းကြောင့် MRTV နှင့် MRTV Live ပေ့ချ်ကို ဖေ့စ်ဘွတ်က ဖယ်ရှား ။
-စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က နိုင်ငံရေးပါတီများနှင့် ဆွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ကြားထား ။
-တစ်နိုင်ငံလုံးတွင် ဆေးရုံ ၁၂၆၂ ရုံရှိသော်လည်း CDM ကြောင့် လုံးဝပိတ်ထားရသည့်ဆေးရုံ ၃၅၇ ရုံ ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသပေးခြင်းမရှိသည့်ဆေးရုံ ၂၇ ရုံ နှင့် ကုသပေးနေသည့်ဆေးရုံ ၇၇၈ ရုံ ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော ။
-“အာဏာသိမ်းအစိုးရ” ဟုအသုံးအနှုန်းများကို ဆက်လက်သုံးနှုန်းရေးသားမည်ဆိုပါက ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော ။
၂၃-၂-၂၀၂၁
-ငြိမ်းချမ်းစွာဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်းသူများ တာဝန်ခံရမည်ဟု ဂျီ-၇ အဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးများကပြော။
-မြန်မာပြည်သူများအပေါ် အကြမ်းဖက်၍ နှိမ်နင်းမှု ကျူးလွန်သူများကို ထပ်မံတိုးမြှင့်အရေးယူရန် လက်တွန့်နေမည်မဟုတ်ဟု အမေရိကန်ထုတ်ပြန် ။
-မန္တလေးမြို့ ၊ ကမ်းနားလမ်း ၊ ရတနာပုံသင်္ဘာကျင်းအနီးဆန္ဒပြမှုတွင် ဝမ်းဗိုက်သေနတ်ကျည်ထိမှန် သေဆုံးခဲ့သော ကိုသက်နိုင်ဝင်း၏ ဈာပနအခမ်းအနားသို့ လူဦးရေတစ်သောင်းခန့် လိုက်ပါပို့ဆောင်။
-အင်ဒိုနီးရှားသံရုံးကို ဦးတည်ဆန္ဒပြခဲ့သော ရန်ကုန်ဆန္ဒပြပွဲတွင် အင်ဒိုနီးရှားသံအမတ် ကိုယ်တိုင်ထွက်၍ ရှင်းပြ။ မြန်မာပြည်သူလူထု၏ဆန္ဒကို လေးစားရမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော ။
-စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ် အပါအဝင် ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန် သြစတြေလျတိုက်တွန်း။
-ကမ္ဘာကျော် ဟက်ကာအဖွဲ့Anonymous က တပ်မတော်ကို ဆိုက်ဘာစစ်ပွဲဆင်နွှဲမည်ဟု ကြေညာ။
-ဒီချုပ်ရုံး ဖောက်ထွင်းခံရမှုအပေါ် ရဲတပ်ဖွဲ့က စစ်ဆေးမှုမလုပ်ပါက နိုင်ငံတကာဥပဒေရေးရာအဖွဲ့များနှင့် တိုင်ပင်၍ အရေးယူနိုင်ရန်ဆောင်ရွက်မည်။
-နေပြည်တော် နှစ်ငါးလုံး အထွေထွေသပိတ်တွင် ဖမ်းဆီးခံရသူများအနက် ၁၈၀ ကျော်ကို ပြန်လွှတ် ပေး။ ဖမ်းဆီးခံရသူများ၏ ဆိုင်ကယ်များအပါအဝင်အခြားပစ္စည်းများ ပြန်မရ။
-ဒေသအများအပြားတွင် စစ်ကောင်စီကခန့်အပ်မည့် အုပ်ချုပ်ရေးမှူးသစ်များအား အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ် ။
-ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ် သုံးခုမှ CDM လုပ်နေသော ဆရာ ၊ ဆရာမများ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖွင့် အမှုဖွင့်ခံရ ။
-ရုံးပြန်တက်ရန် ညွှန်ကြားချက်များ လိုက်နာရန်မလိုဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ၊ ဆရာမများ အဖွဲ့ချက်ကကြေညာ ။
-တပ်မတော်ပိုင် မြဝတီဘဏ်တွင် ATM အပါအဝင် ငွေထုတ်ပေးခြင်းကို ယခုလကုန်အထိရပ်ဆိုင်း။
-အာဏာသိမ်းစစ်ကောင်စီက ဦးဇော်အေးမောင်အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်စစ်ကောင်စီက ခန့်အပ်။ ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်းအား ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးများအဖြစ် စစ်ကောင်စီက ခန့်အပ် ။
၂၄-၂-၂၀၂၁
-မန္တလေး ရတနာပုံသင်္ဘောကျင်းအနီး အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်မှ ဒဏ်ရာရပြီး ဖမ်းဆီးခံနေရသည့် အမျိုးသားတစ်ဦး ထပ်မံသေဆုံး။
-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ နေပြည်တော်ကို နေ့ချင်းပြန်လာရောက်မည့်ခရီးစဉ် ဖျက်သိမ်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကြေညာ။
-မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းနို်ငငံသွားရောက် ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို ထိုင်းနို်ငငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း အလွတ်သဘော တွေ့ဆုံ။
-အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုရန် အာဆီယံ အစီအစဉ်များ တွင် ပါဝင်ခဲ့သည့် မြန်မာကိုယ်စားလှယ်များ တောင်းဆို ။
-ရန်ကုန်ဆန္ဒပြပွဲ ၁၉ ရက်မြောက်နေ့တွင် ဂျပန်သံရုံးအနီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရန်ကြိုးပမ်း။
-ပျဉ်းမနားဆန္ဒပြပွဲတွင် သတင်းယူသော သတင်းသမားများကို အင်အားသုံးလိုက်လံဖမ်းဆီး ။
-ဒေါက်တာဝင်းမြတ်အေးကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်သည့်အပေါ် CDM တွင်ပါဝင်သည့် ဝန်ထမ်းများ ပြစ်တင်ရှုတ်ချ။
-တပ်မတော်အရာရှိဟောင်း၏ ဇနီးဖြစ်သူအား ဝန်ထမ်းလိုင်းခန်းအထိ အဓမ္မလာရောက်ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ။
-နာရေးကူညီမှုအသင်း (ရန်ကုန်) က ရဲနှင့်စစ်တပ်မိသားစုများ၏ ဈာပနနှင့် ဆေးကုသမှုများ ကူညီမှု မပေးတော့ဟုပြော။
-အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တော်စည်ပင်ဥက္ကဋ္ဌ ၊ ရန်ကုန်မြို့တော်ဝန်အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ မန္တလေးမြို့တော်စည်ပင်ဥက္ကဋ္ဌ ၊ မန္တလေးမြို့တော်ဝန်အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း ဖြည့်စွက်ဖွဲ့ စည်း ။
၂၅-၂-၂၀၂၁
-စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ချက်သမ္မတက စာရေးသားပေးပို့ ။
-မြန်မာ့အာဏာသိမ်းမှုကို တညီညွတ်တည်း ဆက်လက်ရှုတ်ချကြောင်း G 7 နှင့် EU အဆင့်မြင့် ကိုယ် စားလှယ်တို့ ထုတ်ပြန်ကြေညာ ။
-ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ မြန်မာနိုင်ငံကို ငွေထုတ်ယူခွင့်မပြုတော့ဟု ကမ္ဘာ့ဘဏ် အကြောင်းကြား။
-စင်ကာပူတွင် မြန်မာကုမ္ပဏီနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အပ်နှံထားသည့် ပမာဏကြီးမားသည့် ငွေစာ ရင်း မရှိကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ ထုတ်ပြန် ။
-တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကို Fcaebook နှင့် Instagram တွင် ကြော်ငြာခွင့်ပိတ် ။
-အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဦးဝဏ္ဏမောင်လွင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖော်ပြခြင်းမရှိ ။
-ဗြိတိန်က တပ်ချုပ်အပါအဝင်တပ်မတော်ထိပ်တန်း အရာရှိကြီး ခြောက်ဦးကို ဒဏ်ခတ်အရေးယူ။
-ဖမ်းဆီးထိန်းသိမ်းထားသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အဖွဲ့ကို အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့။
-အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးက မီဒီယာတွေထံပေးပို့တဲ့ သတိပေးစာဟာ မီဒီယာလွတ်လပ်ခွင့်ကို ထိပါးစေကြောင်းနဲ့ မီဒီယာတွေအနေနဲ့ ကျင့်ဝတ်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ဆက်လက်ရေးသား ထုတ်လွှင့်ဖော်ပြသွားမည်ဟု ဒီဗွီဘီအပါအဝင် ပြည်တွင်းရှိ လွတ်လပ်သည့် သတင်းမီဒီယာများ ထုတ်ပြန် ။
-CDM လုပ်နေသည့် ပြည်ထောင်စုလွှတ်တော် ဝန်ထမ်း ၄၈ ဦး ထုတ်ပယ်ခံရ ။
-မုံရွာတွင် စစ်ကောင်စီခန့် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက် ။
-စစ်တပ်နှင့်ရဲ့တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် သေဆုံးသူ (၈) ဦးရှိဟု AAPP ထုတ်ပြန် ။
-ကမ္ဘာကျော် ဟက်ကာအဖွဲ့ Anonymous က အစိုးရဝက်ဘ်ဆိုက် အချို့ကို စတင်တိုက်ခိုက်။
-ယခုလအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည့် တိုယိုတာ ကားစက်ရုံစီမံကိန်း ရွှေ့ဆိုင်းကြောင်းကုမ္ပဏီ ထုတ်ပြန် ။
-တပ်မတော်က ထောက်ခံသည် ဆိုသူများက ရန်ကုန်မြို့ ဆူးလေအနီး ဆန္ဒထွက်ပြကြပြီး ပြည်သူများနှင့် သတင်းထောက်များကို တိုက်ခိုက်။
-တာမွေမြို့နယ် ကျောက်မြောင်းတွင် စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ကန့်ကွက်သူများကို ရဲတပ်ဖွဲ့က ပစ်ခတ်ပြီး အလုံးအရင်းဖြင့်ဖြိုခွင်း ။
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှု ကိုယ်စားလှယ်လွှဲစာမရသေး၍ တရားမျှတမှု မရှိမည်ကို စိုးရိမ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ပြော ။
-လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအပေါ် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန် ။
၂၆-၂-၂၀၂၁
-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်ကောင်စီကို အပြင်းထန်းဆုံ အရေးယူရန် အပါအဝင် အချက်ခြောက်ချက်ကို နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ နိုင်ငံတကာသို့တောင်းဆို။ ဒီချုပ်အစိုးရခန့်အပ်သော သံအမတ်ကြီးအဖြစ် သမိုင်းဝင် မိန့်ခွန်းပြောသွားပြီး ပြည်သူနှင့်အတူရပ်တည်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်။
-မြန်မာနိုင်ငံ၌ ဒီမိုကရေစီကာကွယ်ရေးအက်ဥပဒေကို အမေရိကန်လွှတ်တော်သို့တင်သွင်း ။
-ရန်ကုန်ဆန္ဒပြပွဲများကို အသံဗုံးပစ်ဖောက်ဖြိုခွင်း။ မြေနီကုန်းသပိတ်ဖြိုခွင်းမှုတွင် ဖမ်းဆီးခံထားရသူများ မိသားစုဝင်များနှင့် ရှေ့နေက တွေ့ခွင့်မရ ။
-မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ ခံဝန်လက်မှတ်မထိုးသဖြင့် နေအိမ်ပြန်ခွင့်မရသေး ။
-ဘီးလင်းမြို့နယ်ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပုဒ်မ ၅၀၅(က) ဖြင့်အမှုဖွင့်ခံရ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်အား ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရ ။ နေပြည်တော်နယ်မြေ၏ ဒီချုပ်ပါတီဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံရ ။
-မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အင်အားသုံးဖြိုခွဲ၍ အနည်းဆုံး ငါးဦးဒဏ်ရာရပြီး အများ အပြား ဖမ်းဆီးခံရ ။
-မြင်းခြံဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင် ၈ ဦး လူထုနှင့်အတူ ပူးပေါင်းပါဝင်လာ ။
-မုံရွာတွင် လူထုညီလာခံကျင်းပ၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း ။
-နိုင်ငံခြားသင်္ဘာလိုင်း အချို့ မြန်မာနိုင်ငံသို့ ကုန်စည်သယ်ယူပို့ဆောင်ပေးမှု ရပ်ဆိုင်းထား ။
-စက်သုံးဆီ တန်ချိန်တစ်သောင်းကျော်ပါဝင်သည့် စင်ကာပူမှ သင်္ဘာ ၃ စီး နှစ်ရက်အတွင်း ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ကပ် ။ နှစ်စီးထပ်မံဆိုက်ကပ်ဦးမည်ဟုဆို ။
-အာဏာသိမ်း စစ်ကောင်စီက UEC အဖွဲ့ဝင် နောက်ထပ် ခုနစ်ဦးကို ထပ်မံတိုးချဲ့ခန့်အပ် ။ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှစ်ဦးကို ထပ်မံတိုးချဲ့ခန့်အပ် ။
-နေပြည်တော်တွင် UEC အသစ်နှင့် နိုင်ငံရေးပါတီများ ၅၃ ပါတီတွေ့ဆုံ။ ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ပါတီတွေအများစုသာတက်ရောက်ပြီး NLD နဲ့ SNLD အ ပါအဝင် ရွေးကောက်ပွဲအနိုင်ရ အဓိက တိုင်းရင်းသားပါတီများ မတက်ရောက်။
-အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွား ပြီဖြစ်ကြောင်း ဦးသိန်းစိုးက နိုင်ငံရေးပါတီ ၅၃ ပါတီနဲ့ တွေ့ဆုံပွဲတွင်ပြော။ တရားမဝင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ ပြောဆိုချက်ကို လုံးဝလက်မခံ အသိအမှတ်မပြုတဲ့အကြောင်း အန်အယ်လ်ဒီပါတီက ကြေညာ။
ဒီအစည်းအဝေးကို အန်အယ်လ်ဒီပါတီ အပါအဝင် အဓိက တိုင်းရင်းသားပါတီတွေက မတက်ရောက်ဘဲ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေအများစုသာ တက်ရောက်ခဲ့တာပါ။
-ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ သတင်းယူနေသည့် ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေး။ မြေနီကုန်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုကို ရဲတပ်ဖွဲ့က အဓမ္မဖမ်းဆီးနေစဉ် သတင်းယူနေတဲ့ ဂျပန်လူမျိုး သတင်းထောက် ခိတဇုမိကို ရဲတွေက အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၂၇-၂-၂၀၂၁
-ရန်ကုန်ဆန္ဒပြပွဲ ၂၂ ရက်မြောက်နေ့ ရဲတပ်ဖွဲ့က လူစုမရအောင် အင်အားသုံးဖြိုခွဲသော်လည်း ဆန္ဒပြ သူများက ဆက်ပြ။ သတင်းထောက် အနည်းဆုံး (၄) ဦးအပါအဝင် ပြည်သူ ၁၀၀ ကျော်အဖမ်းခံရ။
-မန္တလေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲသဖြင့် ပြည်သူအချို့ဒဏ်ရာရပြီး ၄၀ ကျော်အဖမ်းခံရ ။
-မုံရွာဆန္ဒပြပွဲတွင် အကြမ်းဖက်ဖြိုခွဲခံရသဖြင့် နှစ်ဦး သေနတ်ဒဏ်ရာရရှိ။ ပြည်သူများစွာ အဖမ်းခံရ သော်လည်း ဆက်လက်ဆန္ဒပြ ။
-နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ် ၉ ခုရှိ ၁၆ မြို့နယ်တွင် ဆန္ဒပြသူများကို ရဲနှစ်စစ်သားများက အင် အားသုံးဖြိုခွဲ ။ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အဖမ်းခံရသူ ၆၀၀ မှ ၇၀၀ ကြားရှိနိုင် ။
-ဆန္ဒပြမှုများကြောင့် ဖမ်းဆီး ၊ တရားစွဲဆို ၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၇၇၀ ကျော်ရှိကြောင်း AAPP ထုတ် ပြန် ။
-အာဏာသိမ်းမှုကို ဆန့်ကျင်နေသော မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပွဲ များကို အကြမ်းဖက်နှိမ်နင်းမှု ချက်ချင်းအဆုံးသတ်ရန်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုရန် ကုလသမဂ္ဂလူ့ အခွင့်အရေးကျွမ်းကျင်သူများက မြန်မာ့တပ်မတော်အားတိုက်တွန်း ။
-စစ်ကောင်စီလက်ထက် ဖမ်းဆီးခံသတင်းသမား ၁၉ ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း “အသံ” လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန် ။
-သြစတြေးလျရေနံကုမ္ပဏီ Woodside က မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီး ဝန်ထမ်းများကို ပြန်ထွက်ခိုင်းလိုက်ကြောင်း ထုတ်ပြန် ။
-စစ်ကောင်စီကကျင်းပရန် ပြင်ဆင်နေသည့် ကျောက်မျက်ပြပွဲကို သပိတ်မှောက်မည်ဖြစ်ကြောင်း မန္တလေး ၊ ဖားကန့် နှင့်ရွှေလီ ဒေသရှိ ကျောက်စိမ်းလုပ်ငန်းရှင်များပြော။
-မန္တလေးတိုင်းဒီချုပ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြနှင့် ပါတီဝင် ဦးအေးသိန်း ဖမ်းဆီးခံရ ။ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် ရာဇသတ် ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရ ။
-ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နအစ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ။
-CRPH အမည်ဖြင့်ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေသောကော်မတီတွင် တိုက်ရိုတ်ဖြစ်စေ ၊ သွယ် ဝိုက်၍ဖြစ်စေပါဝင်ဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေ ညာ။
၂၈-၂-၂၀၂၁
-စစ်အာဏာရှင်ဆန့်ကျင်ရေး Milk Tea Alliance လှုပ်ရှားမှုကို မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်တို့၌ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဟောင်ကောင်နှင့် အိန္ဒိယတို့၌ အွန်လိုင်းမှလှုပ်ရှားမှုပြုလုပ်။
-နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲနှင့်စစ်တပ်က သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းသဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ထားဝယ် အနည်းဆုံး ၁၈ ဦးသေဆုံးကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ထုတ်ပြန် ။
-စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ပဲခူးမြို့တွင် သေဆုံးသူ ၂ ဦး၊ ရန်ကုန်မြို့တွင် ၅ ဦး၊ ထားဝယ်မြို့တွင် ၅ ဦး၊ မြိတ်မြို့တွင် ၃ ဦး (အတည်ပြုချက်ရယူဆဲ) ၊ မန္တလေးတွင် ၃ ဦး၊ ပခုက္ကူတွင် ၁ ဦး၊ မော်လမြိုင်တွင် ၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနများက ဖော်ပြကြသော်လည်း အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
-ရန်ကုန်တွင်ဆရာဝန်များ ပါဝင်သည့် သပိတ်စစ်ကြောင်းကို အင်အားသုံးဖြိုခွင်းပြီး ၂၀၀ ကျော်ကို ဖမ်းဆီး။
-ဆန္ဒပြသူများအပေါ် ရက်စက်စွာဖိနှိပ်မှုအတွက် မကြာမီအရေးယူမည်ဟု EU ထုတ်ပြန်၊ မြန်မာ့အရေးအတွက် အမှီအခိုကင်း စုံစမ်းစစ်ဆေးရေးယန္တရားကို ထောက်ခံဟုဆိုသည်။
-မြန်မာနိုင်ငံတွင် ရဲနှင့်စစ်တပ်က ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းနေသည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး အသက်ဆုံးရှုံးမှုနှင့် ပြင်းထန်ဒဏ်ရာရမှုတို့ မြင့်တက်လာသဖြင့် လွန်စွာ စိတ်ပျက်မိဟု ထုတ်ပြန်။
-မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်မှတ်ထားဖြိုခွင်းမှု စက်ဆုပ်ရွံရှာဖွယ်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်။
-ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုတွေအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုး ရွားပြင်းထန်လာနေသည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊ စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းမှု ချက်ချင်းရပ်တန့်ဖို့ တောင်းဆို။
-ဆန္ဒပြမှုများကြောင့် ဖေဖော်ဝါရီလအတွင်း ကျဆုံးသူပြည်သူ ၃၀ ဝန်းကျင်နှင့် အဖမ်းခံရသူ ၂၀၀၀ ဝန်းကျင်ရှိဟု AAPP ထုတ်ပြန်။ ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းသမား ၂၂ ဦးရှိပြီဖြစ်သည် ။
-ပုဂ္ဂလိကဘဏ်များ အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးရန် ဗဟိုဘဏ်ညွှန်ကြား။ မတ်လ ၁ ရက် နေ့မှစ၍ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်ထားသူများသည် တစ်ဦးလျှင် တစ်ပတ်အတွင်း သိန်း ၂၀ ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုလျှင် တစ်ပတ်အတွင်း ကျပ် သိန်း ၂၀၀ အများဆုံး ထုတ်ယူခွင့်ပြုမည်။ ATM စက်များမှ တစ်ရက်လျှင်ကျပ် ၅ သိန်း သာထုတ်ယူခွင့်ရမည်ဖြစ်သည် ။
Photo - ဒီဗွီဘီ / MPA