Home
မြန်မာသတင်း
မိုးညိုရဲတပ်ဖွဲ့ဝင်တစ်ဦး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာ
DVB
·
February 28, 2021
MoeNyo a police CDM
MoeNyo Protesters 1
MoeNyo Protesters 2
MoeNyo Protesters 3
MoeNyo Protesters 4

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ရဟန်းသံဃာတွေ၊ ပညာရေး ဝန်ထမ်းတွေ အပါအဝင် ပြည်သူ သောင်းချီ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်လိုတော့တာကြောင့် ဒီနေ့ကစပြီး CDM လှုပ်ရှားမှုမှာ ပါဝင်သွားမယ်လို့ မိုးညိုမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးက ပြောပါတယ်။

“မတရားသဖြင့် လက်နက်နဲ့ နိုင်ငံတော် အာဏာသိမ်းတာကို ကျနော်လက်မခံနိုင်ပါဘူး။ ကျနော့်လိုပဲ ကျန်တဲ့ရဲတပ်ဖွဲ့ဝင်တွေလည်း ရုန်းထွက်ချင်တဲ့သူတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ မရုန်းထွက်နိုင်ကြဘူး၊ ဖိနှိပ်ခံရမှာ၊ ထောင်ကျမှာကို ကြောက်ကြတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ရဲစခန်းထိန်းသိမ်းရေးဥပဒေတွေလည်း ရှိတယ်။ ကျန်တဲ့ ဥပဒေတွေလည်း ရှိတော့ ချက်ချင်း ထောင်ထဲထည့်လို့ရတာပေါ့နော်။ ကျနော်ကတော့ ရှောင်တိမ်းနေရတာပေါ့။ ရဲတပ်ဖွဲ့ဝင်တွေကို ဘာပြောချင်လဲဆိုတော့ ရုန်းမထွက်နိုင်တောင် လူသားချင်းစာနာပြီးတော့ ပြည်သူလူထုကို ဆက်ဆံပေးကြပါ” လို့  ပြောပါတယ်။

မိုးညိုမြိုနယ်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်ဆန္ဒပြနေကြပြီး ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024