Home
မြန်မာသတင်း
တကောင်းပြည်သူ့ဆေးရုံကိုရောက်လာသည့် စစ်တပ်ဆရာဝန်များ သံပုံးတီး မောင်းထုတ်ခံရ
DVB
·
February 24, 2021
153547266_1396649537366472_794077668301367507_n
152800921_1396649564033136_3572475897180562919_n
152712148_1396649597366466_5667808839762757111_n
152712148_1396649447366481_4070148578286461420_n
152254923_1396649400699819_2007537202699286372_n

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့က ပြည်သူ့ဆေးရုံမှာ စစ်တပ်က ဆရာဝန်တွေရောက်လာတဲ့အတွက် ပြည်သူလူထုက သံပုံးတီးကာ မောင်းထုတ်နေတယ်လို့ သိရပါတယ်။

တကောင်းဆေးရုံက ကျန်းမာရေး ဝန်ထမ်းတချို့လည်း CDM လုပ်ဆောင်နေပြီး စစ်တပ်က စစ်သားတွေနဲ့ တပ်ဆရာဝန်တချို့ဟာ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၆ နာရီလောက်က ရောက်လာတာကြောင့် ဒေသခံပြည်သူတွေက ဒီနေ့မနက်ကနေ  နေ့လည်ပိုင်းအထိ ဆန္ဒပြတာနဲ့ သံပုံးတီးတာတွေ လုပ်ပြီး မောင်းထုတ်ခဲ့ကြပါတယ်။

ဆေးရုံကိုရောက်လာတဲ့ စစ်တပ် ဆရာဝန်တွေကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့  လူတချို့က ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ ဆေးရုံဝန်းအတွင်း စစ်ကားတစ်စီးနဲ့အတူ စစ်သား အယောက် ၃၀ လောက်  ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ထိန်ထိန်လင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024