ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး ပြည်လုံးကျွတ်အထွေထွေသပိတ်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လည်း ပါဝင်ခဲ့ကြပါတယ်။
ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာနိုင်ငံမှာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်း တာတွေကြောင့်သေဆုံးခဲ့ရသူတွေအတွက်လည်း ငြိမ်သက်ဆုတောင်းပေးခဲ့ကြပါတယ်။
ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ဆန္ဒပြသူတွေဟာ “အရေးတော်ပုံ အောင်ရမည်” ၊ “ဒီမို ကရေစီရရှိရေး-တို့အရေး တို့အရေး” ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)လှုံ့ဆော် “ရုံးမတက်နဲ့-ရုန်းထွက် ရုန်းထွက်” ၊ “သပိတ် သပိတ်-မှောက် မှောက်” ၊ “စစ်အာဏာရှင် ကျဆုံးရေး တို့အရေး-တို့အရေး” ၊ “အမေစုနဲ့ ခေါင်းဆောင် များ-ချက်ချင်းလွှတ် ချက်ချင်းလွှတ်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြ တာ ဖြစ်ပါတယ်။