စစ်အာဏာရှင်ဆန့်ကျင်ရေး ဖေဖော်ဝါရီ ၂၂ ရက် ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ကို ချောက်မြို့မှာ ဒီနေ့မနက်စတင်ခဲ့ပြီး ပြည်သူအင်အား ၂ သိန်းကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ချောက်ရေနံမြေမှာ အထွေထွေသပိတ် ၁၆ ရက်နေ့မြောက်အဖြစ် စစ်အာဏာရှင်ကို တွန်းလှန်ဆန္ဒပြနေတာဖြစ်ပြီး ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျာင်းသူတွေ၊ အသင်အဖွဲ့တွေနဲ့ ကျေးရွာလူထုအပြင် မော်တော်ယဉ်လိုင်းလုပ်ငန်းသုံးယာဉ် ၁၀၀ ကျော်အပါအဝင် လူငယ်အများဆုံး ပါဝင်တာကို တွေ့ရပါတယ်။
ချောက်မြို့ပေါ်က ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ စားသောက်ဆိုင်မကျန် မြို့မဈေး ဖွင့်ရက်ဖြစ်ပေမယ့် ပျံကျဈေးတန်းပါမကျန် အားလုံးပိတ်ပြီး ဆန္ဒပြမှုကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။