မကွေးတိုင်း ချောက်မြိုရှိ ရပ်ကွက်ရုံးတိုင်းမှာ “မည်သည့်ထွေအုပ်စာရေး မည်သည့် ရပ်ကွက်လူကြီးမှ အလိုမရှိ ကိုယ်ပိုင်အုပ်ချုပ်မည်” ပုံဒေသခံများဆိုပြီး ပိုစတာတွေ ချိတ်ဆွဲထားကြပါတယ်။
တိုင်းစီမံကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးစာရင်းတွေ ထွက်ပေါ်ပြီးနောက် ဒေသခံပြည်သူတွေက ရပ်ကွက်ရုံးတိုင်းမှာ စုဝေးရောက်လာပြီး စစ်ကောင်စီက တိုက်ရိုက်ခန့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြမှုတွေ ဖြစ်ပေါ်ပြီး နောက် အခုလို လုပ်ဆောင်လာကြတာပါ။
မကွေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားတာဖြစ်ပြီး ချောက်မြို့ပေါ် ရပ်ကွက် ၁၅ ခုမှာ ရပ်ကျေးဥက္ကဋ္ဌ နေရာ မူလလူဟောင်း ၅ ဦးပါပြီး ကျန်လူတွေက အသစ်များ ဖြစ်သလို အထက်က တိုက်ရိုက်ခန့်တဲ့ သဘောကို မနှစ်သက်လို့ လူဟောင်းရော လူသစ်ကိုပါ ဒေသခံတွေက ကန့်ကွက်ထားပါတယ်။