ရန်ကုန်တိုင်းက တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေက ကျန်မာရေးဝန်ထမ်းတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်ကမ်ပိန်းကို ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့ ပါတယ်။
ကမ်ပိန်းမှာ မြို့နယ်အလိုက် ဦးဆောင်သူ တစ်ဦးစီနဲ့ မြို့နယ် ၃ ခုက ကျန်းမာရေးဝန်ထမ်း ၁၅၀ နီးပါး ပါဝင်ခဲ့ပါတယ်။
တခြားမြို့နယ်တွေက CDM မပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်လာစေဖို့နဲ့ ပြည်သူတွေ စိတ်ဓာတ်ခွန်အားရပြီး ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်တာလို့ ကမ်ပိန်းမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကော့မှူးမြို့မှာ စုရပ်လုပ်ကာ မနက် ၉ နာရီကစပြီး ကော့မှူး-တွံတေး ကားလမ်းအတိုင်း ကံဘဲ့လမ်းဆုံအထိ မောင်းနှင်ခဲ့ကြပြီး ၁၁ နာရီမှာ လူစုခွဲခဲ့ကြပါတယ်။
ဆိုင်ကယ်မောင်းနှင်ရင်း အာဏာရှင်ဆန့်ကျင်ရေးနဲ့ CDM အတွက် စာသားတွေ ကြွေးကြော်ခဲ့ကြပါတယ်။
လွင်မိုးအောင်