နေပြည်တော် ဆန္ဒပြပွဲမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း ဈေးချိုနာရီစင်အနီးမှာ အများပြည်သူစုပေါင်းပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနား လုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းမေတ္တာပို့တာ၊ နှင်းဆီပန်းချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ က ပစ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သေဆုံးခဲ့တာပါ။
မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့တဲ့အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အာဇာနည်အဖြစ် သတ်မှတ်ဂုဏ်ပြုတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း မမြသွဲ့သွဲ့ခိုင်အတွက် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်လင်းဦး