Home
မြန်မာသတင်း
ယခုလကုန် အလုပ်မဆင်းလျှင် အလုပ်ဖြုတ်မည်ဟု အင်းစိန်မီးရထားဝန်ထမ်းများကို ခြိမ်းခြောက်
DVB
·
February 19, 2021
151258415_1752006714971692_7232063561003968339_n

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လှုပ်ရှားဆန္ဒပြနေတဲ့ အင်းစိန်မီးရထားဝန်ထမ်း ၇၀၀ ကျော် ဒီလကုန် အလုပ်မဆင်းပါက အလုပ်ဖြုတ်ပစ်မယ်ဆိုပြိး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

အင်းစိန်မီးရထားဝန်ထမ်းတစ်ဦးက “စစ်အာဏာရှင်အစိုးရဘက်က ထုတ်ချင်တဲ့အမိန့်ထုတ်၊ ထွက်ချင်တဲ့ ကြေညာချက်ထွက်၊ ပြည်သူတင်မြှောက်ထားတဲ့အစိုးရကို ဖြုတ်ချပြီး တက်ထိုင်နေတဲ့အပေါ်  လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး။ အခု မီးရထားဝန်ထမ်းတွေ CDM မှာ ပါဝင်နေတာဟာ စစ်အစိုးရအာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက် ဒီတိုက်ပွဲကို ဝင်နေတာဖြစ်တယ်” လို့ ပြောပါတယ်။ 

မီးရထားဝန်ထမ်းတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးတာမျိုး မရှိပေမယ့် ဒီဇယ်စက်ခေါင်းဘက်က ဝန်ထမ်းတွေကိုတော့ ဖမ်းဆီးမယ့်အသံမျိုးတွေ ထွက်ပေါ်နေတဲ့အတွက် ရှောင်တိမ်းနေရတဲ့ အနေအထားမျိုးလေးတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။ 

အင်းစိန်မီးရထား ဝန်ထမ်းတစ်ဦး “သူတို့ဘက်က ဘယ်လိုအမိန့်တွေဘဲ ထုတ်ထုတ်၊ ဘယ်လိုခြိမ်းခြောက်မှုမျိုးတွေပဲရှိရှိ၊ CDM ပါဝင်လှုပ်ရှားမှုကို အနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို အဲ့ဒီဆန္ဒပြပွဲတွေမှာ အကြမ်းဖက်နှိမ်နင်းတာမျိုးတွေလည်း ရှိနေပါတယ်။

နေလင်းအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024