Home
မြန်မာသတင်း
မြစ်ငယ်ရထားဝန်ထမ်းများအပါအဝင် လူ ၁၅၀၀ ကျော် ဆန္ဒပြ
DVB
·
February 19, 2021
151773484_744190493138111_3492170183893093368_n
151646949_744190553138105_9021146010268708636_n
151494399_744190419804785_2051885328819091306_n
151425926_744190796471414_1906034922640742257_n
151373670_744190943138066_5510761596514876105_n
151292524_744190703138090_159403993873350861_n
150935034_744190643138096_5034140106150459723_n

မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ဒီနေ့မနက်က မြစ်ငယ်ရထားစက်ရုံဝန်ထမ်းတွေ ဦးဆောင်ပြီး လူ ၁၅၀၀ ကျော် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြခဲ့ကြပါတယ်။

မြစ်ငယ်မြို့က ဒေသခံပြည်သူတွေ၊ ပညာရေးဝန်းထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဌာနဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူ တွေ၊ ကုန်သည်ပွဲစားတွေပါဝင်ခဲ့ကြပါတယ်။

မြစ်ငယ်မီးရထားဝန်ထမ်းတွေဟာ ဖမ်းဆီးခေါင်းဆောင်များ လွှတ်ပေးရေး၊ ရုံးမတက်နဲ့ ရုန်းထွက်၊အာဏာရှင်စနစ်အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ သပိတ် သပိတ်မှောက်မှောက် စတဲ့ကြွေးကြော် သံတွေနဲ့အတူ မြစ်ငယ်မီးရထားရုံးပင်မအပေါက်မှ စတင်ထွက်ရှိကာ မြစ်ငယ်မြို့ အတွင်းလှည်လည်ပြီး အာဏာသိမ်းအစိုးရကို ဆန့်ကျင့်ကန့်ကွက်ခဲ့ကြပါတယ်။

အောင်အောင်နိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024