CDM ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုနှင့်အတူ လှည့်လည်ဆန္ဒပြ
DVB
·
February 19, 2021
အာဏာသိမ်းစစ်အစိုးရကို အာဏာဖီဆန် CDM လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေး အမရပူရမြို့နယ်မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
အမရပူရမြို့နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းအများစု ပါဝင်တဲ့ စစ်အာဏာ ဆန့်ကျင်ရေး လူထု ဆန္ဒပြစစ်ကြောင်းနဲ့ အတူ လိုက်ပါ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့ CDM ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။
တခြား ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း CDMကို ရဲရင့်စွာ လုပ်ဆောင်ကြဖို့ အဆိုပါ ရဲတပ်ဖွဲ့ဝင်တွေက ဖိတ်ခေါ်ခဲ့ပါတယ်။
ထိန်ထိန်လင်း