အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းသားတွေ ကျောင်းရှေ့ ဗိုလ်တထောင်ဘုရားလမ်းမှာ REJECT Military စာလုံးရေးသားတာကို ရဲတပ်ဖွဲ့က လူစုခွဲခိုင်းတယ်လို့ သိရပါတယ်။
ကျောင်းသူတစ်ယောက်က “ရဲတပ်ဖွဲ့က တစ်နာရီအတွင်း ပြီးအောင်ဆွဲပြောတယ်။ ပြီးတော့ မိနစ် ၂၀ လောက်ပဲ ဆွဲလိုက်ရတယ်။ စာလုံးထပ်ရေးမယ်ဆိုတော့ ဆက်မလုပ်ခိုင်းဘဲ လူစုခွဲခိုင်းလိုက်တယ်။ စာလုံးက reject က စာလုံး ၄ လုံးပဲ ရေးလိုက်ရတယ်။ အစကကျောင်းမှာ ထိုင်သပိတ်လုပ်ဖို့ကို လူစုခွဲခိုင်းလို့ အခုတော့ခွဲလိုက်ရတယ်” လို့ ပြောပါတယ်။
စစ်တမ်းအရ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကျောင်းသူကျောင်းသား ၉၅ ရာခိုင်နှုန်း ကျော်ကလည်း စစ်အာဏာရှင်လက်အောက်မှာ ကျောင်မတက်ဘူးလို့ ဖြေဆိုထားတာပါ။