ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပြန်ရရေးအတွက် မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်တယ်လို့ ဒိန်းမတ်သံအမတ်ကြီးက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာလူငယ်တွေရဲ့ ပေးစာကို လက်ခံရယူပြီးနောက် ပြောခဲ့တာပါ။
စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာလူငယ်တချို့ဟာ ရန်ကုန်ရှိ ဒိန်းမတ်သံရုံးကို စာသွားပေးခဲ့ပြီး သံရုံးဝင်းထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးက လက်ခံခဲ့ပါတယ်။
ပြီးတော့ “ဒီလူငယ်လေးတွေ သံရုံးရှေ့ကို ငြိမ်းငြိမ်းချမ်းချမ်း ရောက်ရှိလာကြတယ်။ သူတို့တွေ ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီမိုကရေစီ နည်းကျကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ ရပ်တည်ပါတယ်” လို့ ပြောကြောင်း ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-Embassy of Denmark