မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေ အထွေထွေသပိတ်မှာ ပူးပေါင်းပါဝင်ပြီး CDM လုပ်နေကြတဲ့ ကျန်းမာရေးအဖွဲ့နဲ့ ရေနံမြေကုမ္ပဏီ Gold Pertrol အဖွဲ့တို့ကို ဖေဖော်ဝါရီ ၁၈ မနက်ပိုင်းမှာ ဒေသခံတွေက ဆုငွေချီးမြှင့်ပါတယ်။
ချောက်ရေနံမြေမှာ စစ်အာဏာရှင် ဆန်ကျင်ကြောင်း ဆန္ဒပြနေမှုကို ဒီကနေ့ပါဆိုရင် ၁၂ ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူတွေ စုပေါင်းပြီး CDM အဖွဲ့တွေကို တစ်ဖွဲ့ချင်းစီ ဆုငွေပေးအပ်နေတာပါ။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရေနံမြေ ရုံးအဖွဲ့၊ ဒီကနေ့မှာ ကျန်းမာရေးဌာနနဲ့ ရေနံမြေကုမ္ပဏီ GP တို့ကို ကျပ် ၃ သိန်းကျပ် ဆုငွေအဖြစ် ချီးမြှင့်ထားပြီး ကျန်အဖွဲ့တွေကိုလည်း ဆက်လက် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ချောက်ရေနံမြေ အထွေထွေသပိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့မှာလည်း အင်အားသိန်းချီ ဆန္ဒပြနေကြပါတယ်။
ကိုလင်း (ချောက်)