လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် အောင်ဘာလေ ထီဖွင့်ပွဲရက် နောက်ဆုတ်ပေးဖို့ ထီလုပ်ငန်းရှင်တွေက တောင်းဆိုနေကြပါတယ်။
တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးနောက်ပိုင်း ထီထုတ်တဲ့သူတွေဟာ လက်ရှိအချိန်ထိ သူတို့လက်ထဲမှာထီစာအုပ်တွေရှိနေပြီး ထိုးသားတွေလက်ထဲကိုမ ရောက်ရှိသေးပါဘူး။
ဒါကြောင့် ဒီလမှာ ထီဖွင့်ပွဲကို နောက်မဆုတ်ပေးဘဲ ဖွင့်ခဲ့မယ်ဆိုရင် နောက်လတွေမှာ ရောင်းမယ့်သူမရှိဘဲ ရပ်တန့်သွားဖို့ရှိတယ်လို့ ထီအရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ နိုင်ငံရေးဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေဟာ ထီဘက်ကို စိတ်ဝင်စားမှုမရှိတော့ဘဲ ထီထိုးသူတွေ အရမ်းနည်းပါးသွားတဲ့အတွက် ထီလုပ်ငန်းရှင်တွေဟာ သူတို့ရင်းနှီးထားတဲ့ အရင်းအနှီးတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
ထီအရောင်းအဝယ်ဆိုတာသက်တမ်းနဲ့ရောင်းနေရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ သပ်တမ်းကာလမှာရောင်းမကုန်ဘူးဆိုရင် ဆုံးရှုံးမှုတွေကြီးလာနိုင် လာပါတယ်။
လက်ရှိအချိန် ပြည်သူတွေကလည်း စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဘယ်လိုလုပ်ငန်းမျိုးမဆို သပိတ်မှောက် ကန့်ကွက်မှုတွေရှိနေတာပါ။
ပြည်သူတွေအနေနဲ့ အစိုးရထီကိုထိုးပြီး ထီပေါက်ခဲ့မယ်ဆိုရင်တောင် ဘယ်လိုထုတ်ယူရမလဲဆိုတဲ့ မသေချာမှုတွေကြောင့် ထီးထိုးတဲ့သူတွကလည်း စိုးရိမ်ပူပန်တွေရှိနေကြတာပါ။
အခုဆိုရင် နိုင်ငံတဝန်လုံးမှာရှိနေတဲ့ အစိုးရဌာနအသီးသီးပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေကလည်း တပ်မတော်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ CDM ပါဝင်လှုပ်ရှား မှုမှာ ပါဝင်နေကြတာပါ။ အကောက်ခွန်ဦးစီးဌာနက ဝန်းထမ်းတော်တော်များများကတော့ CDMလှုပ်ရှားမှုမှာ မပါဝင်သေးတာတွေလည်း ရှိနေကြပါတယ်။